1

96.3K 3K 600
                                    

Uni

အချစ်  ၊၊  ဘာလုပ်လို့ရလဲ၊၊ ဘာမှလုပ်လို့မရတဲ့အရာ၊၊ ထိတွေ့လို့လည်းမရသလို  မြင်တွေ့နေရတာလည်းမဟုတ်၊၊  အမည်နာမသာရှိပြီး  ထိတွေ့ဖို့အတွက် ဒြပ်ဝတ္ထုမရှိတဲ့အရာ၊၊ သို့ပေမဲ့ ထိုအရာကဘဲ လူတစ်ချို့၏ ဘဝကို  ပျက်စီးစေလေ၏၊၊  နစ်မွန်းပြီးလျှင် ရုန်းထွက်ရခက်သောအရာမှာ အချစ်ဖြစ်လေ၏၊၊ 

မာဗာရစ်ဆိုတဲ့  သူအတွက်တော့ အချစ်က ယခုထိ ဘောင်မဝင်သေး ၊၊  ရှင်သန်လာတဲ့ တစ်လျှောက်လုံး  ဗာရစ် အမြဲရှာဖွေ နေမိတာက ငွေကိုသာ ဖြစ်ပြီး  အချစ်ကိုမဟုတ်၊၊  လောကမှာ ငွေက ဒုတိယ ဘုရားသခင်လို  လူတွေက တင်စားခေါ်ဝေါ်ကြသည်၊၊  ထိုအခေါ်အဝေါ်နဲ့လည်း  ငွေက ကိုက်ညီသည်လေ၊၊  ငွေမရှိရင် ဘာမှလုပ်လို့ရမည်မဟုတ်၊၊   ထို့ကြောင့် သိတတ်စအရွယ်ထဲက  ဗာရစ် အမြဲယဥ်တွဲတွေးမိသည်က ငွေနဲ့ အချစ်ရဲ့ အကျိုးရလဒ်ကိုသာ၊၊  ငွေရှိရင် ကိုယ်စိတ်ကြိုက်  ဘယ်လူကိုမဆို ငွေပေးပြီးခိုင်းစေလို့ရသည်၊၊အချစ်ကတော့ ဘာမှ အရာမဝင်ပေ၊၊

"ရွန်"

"ပြော အစ်ကိုရစ်"

တစ်ဖက်ခုံ၌ ထိုင်ကာ ကွန်ပြူတာသုံးနေသော  ရွန်ကို ဗာရစ်ခေါ်တော့ လှည့်ကြည့်ကာပြန်ဖြေလာသည်၊၊  အခုဗာရစ်တို့က  လေယာဉ် ပေါ်မှာဖြစ်၏၊၊ အကြောင်း  မှာတော့ ဂျပန်၌ သာယာနေတုန်း  မြန်မာကနေ အသည်းအသန်လှမ်း၍ ခေါ်သော မွေးသမိခင်ကြောင့်  ဗာရစ်တို့  အားချင်းမြန်မာကို ပြန်လာရခြင်းဖြစ်သည်၊၊   မျက်နှာချင်းဆိုင်လိုက်တာနဲ့ မာမီနဲ့ ဗာရစ်နဲ့ကမတည့်၊၊  အဲ့တာလည်း  လူကိုယ်တိုင်လာမတွေ့မချင်းကို   ဖုန်းတဂွမ်ဂွမ်ဆက်ပြီး  မြန်မာကို  မာမီက လှမ်းခေါ်နေတာဖြစ်သည်၊၊  တွေ့မှ   ရန်စကားပြောပေးရအုံးမည်ဟု ဗာရစ် စိတ်ထဲတေးမှတ်ထားလိုက်သည်၊၊

"  မင်းအတွက် အချစ်ရဲ့ အဓိပ္ပာယ် က ဘာလဲ "

"နေကောင်းရဲ့လား၊၊ ဆေးရောသောက်ပြီးပြီးလား၊၊ ထူးထူးဆန်းဆန်းနဲ့ "

" ဘုတ် !    အ့ ..!"

ရွန်ဘက်သို့ ပြစ်ပေါက်သော ခေါင်းအုံးက  အရှိန်ပြင်းပြင်းနဲ့ပင် နားထင်ဘက်သို့ ကျ၏၊၊  လက်ကလည်း ကွန်ပြူတာ ပေါ်ပြေးလွှားနေရသည်မို့လှမ်း၍လည်းမဖမ်းနိုင်ခဲ့၊၊  ဒီလိုအခြေအနေမျိုးက  အစ်ကိုရစ်အနား  အမြဲနေရတဲ့ ရွန်အတွက်တော့ ရိုးနေလေပြီ၊၊  အခေါက်တိုင်း ခံရလည်း  အမှတ်မရှိ  သွားပြောပြောနေမိတာက ရွန်ကိုယ်တိုင်သာ ဖြစ်သည်၊၊ 

My  Stranger   Husband   RICKWhere stories live. Discover now