အပိုင်း (46) ZU

Start from the beginning
                                    

ခွန်း က ဘာမျှ ဆက်မပြောဘဲ.... သူ့ပန်းချီ ကို ပြန်ဆွဲနေသည်။

"ကိုယ်ဘာလုပ်ပေးမှ မင်းကို ဆေးလိမ်း
ပေးခွင့်ရမလဲ...."

ခွန်း က ပန်းချီကားတွေကို လက်ညိုးထိုးပြကာ..

"အဲ့ပုံတွေကို မီးရှို့ပေးပါ...အဲ့တုန်း က ရူးရူးမိုက်မိုက် ဆွဲခဲ့တယ့် ပုံတွေ ကိုယ့်ဟာကို မီးရှို့ရင်...ကိုယ့်လက်ကိုပါ..ထည့်ရှို့ချင်လာလို့....မီးရှို့ပေးပါ..."

ဘယ်လို ရှို့နိုင်မှာလဲ လက်ရာမြောက်တယ့် ပန်းချီ တွေ....အထူးသဖြင့် သူမ ဆွဲပေးထားတာလေ..

"ခွန်း.....ကိုယ်အခု ဟိန်းထက်အောင် ကို လွှတ်ပေးမယ်...."
"Lord....Lord.....Lord....."

ခွန်း က ရုတ်တရက် သူမကိုယ်သူမ ပါးရိုက်လိုက်သည်။

Lord က ချက်ချင်း လန့်ကာ သူမလက်ကို ချုပ်လိုက်သည်။

"ဦးနှောက်တစ်ခုလုံးက....သူ့အကြောင်းတွေကြီးပဲ...ထွက်သွားပါတော့....အား......"

"ခွန်းရယ် ကိုယ့်ကိုယ်ကို ထိခိုက်အောင်မလုပ်ပါနဲ့တော့ ကိုယ့်ကို ရိုက်ပါကွာ..."

"ခွန်း ကို မယုံဘူး...အမြဲဒေါသထွက်ဖို့ပဲသိတယ်...အခြေနေကို ဆန်းစစ်မေးမြန်းလို့ရရဲ့သားနဲ့...ခွန်း ကို နှိပ်စက်တယ်...ခွန်း Lord ကို ​ပြောပြီးသားပါ...လွှတ်ပစ်ပြီးရင် ပြန်လာမသုံးဖို့...Lord ခွန်းကို လွှတ်ပစ်လိုက်ပြီမလား....အခု လွှတ်ပေးတော့."

"ခွန်း....ကိုယ်ရူးမိုက်သွားပါတယ်...."
."နားညီးတယ်....ဆင်ခြေတွေ.....​ကြောက်တယ်...Lord ဒေါသတွေက အရမ်း​ကြောက်စရာကောင်းတယ်....နောက်လဲ ခွန်း ဒါမျိုးတွေခံရမှာ..တော်ပါတော့...."

"ကိုယ်အခု မီးသွားရှို့မှာမို့....ငြိမ်ငြိမ်လေးနေပေးပါ...ခွန်းရယ်...ဆေးထည့်တာငြိမ်ခံပေးပါ..."

ခွန်း မျက်ရည်တွေ ကျလာကာ ရုတ်တရက် ငြိမ်သွားသည်။

ခွန်း က စိတ်ရှုပ်ထွေးသွားပြီ....Lord ကို မြင်ရင် ရူးသွပ်သွားသလို ခံစားနေရသည်။

သူမ က ဘာမှမဟုတ်သလို ပန်းချီ ပြန်ဆွဲနေသည်။

Lord က သူမ ပါးပြင်လေးဆီကို ဆေးယူကာ
လိမ်းပေးသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now