အပိုင်း (46) ZU

Start from the beginning
                                    

"လိမ်းရမယ့် ဆေးပေးပါ..."
Lord လက်ထဲ ထည့်ပေးသည်။

Lord က အခန်းထဲကို ဝင်သွားသည်။

ခွန်း က ကုတင်မှာထိုင်နေရင်း...ပန်းချီဆွဲနေသည်။

ပြီးတော့ ကုတင်အဝေးမှာ Lord ရဲ့ ပန်းချီကားတွေ ကို ပစ်ချထားသည်။

Lord က အခန်းထဲ ဝင်လိုက်ချိန်....သူမပုံရိပ်အနားကိုသွားသည်။

Lord က ပန်းချီတွေကို မြင်တော့ သူ့ပုံတွေ...

တစ်ချပ်ချင်းယူကြည့်သည်။
သူပြုံးနေတယ့် ပုံတွေ....သူဒေါသထွက်နေတယ့်ပုံရိပ်...အများကြီးပဲ...ခွန်း က တစ်လျှောက်လုံး သူပုံတွေဆွဲနေခဲ့တာ....

ဒါကို ကြည့်ချင်အားဖြင့် ဘယ်သူ့ကို
စိတ်ဝင်စားတယ်ဆိုတာ မဖော်ပြလဲ မြင်တာနဲ့
နားလည်ပါတယ်...

ပန်းချီကားချပ်ပေါင်းများစွာဟာ ခွန်းသူ့အပေါ် ဘယ်လောက်တောင် သဘောကျလဲဆိုတာ
ပေါ်နေပြီ။

ဒီလောက်ဆို သူမ နဲ့ ဟိန်းထက်အောင် တွေ့ဆုံခြင်းဟာ မောင်နှမ စိတ်လောက်ပဲ...ခွန်း က သူ့ကို ကူညီပေးခဲ့တာတွေအတွက် ပန်းချီကားလေး လက်ဆောင်ပေးချင်ခဲ့တာ.....

ခွန်း က Headboard မှာ Canvas ကို ထောင်ကာ
ဖြင့် ပန်းချီရေးဆွဲနေသည်။

Lord က ခွန်း အနားကိုသွားကာ...
"ခွန်း...ဆေးလိမ်းရအောင်..."

Lord က ခွန်း ကို တစ်ခြမ်းသာမြင်နေရသည်။

ခွန်း က Lord ဆီ သူ့မ မျက်နှာကို လှည့်ပြတော့.....

ညိုမဲစွဲနေသည့် မျက်နှာ လေးကို မြင်လိုက်ရသည်။

Lord နှလုံးသား ထဲ ဓားစိုက်သွားသလို ခံစားလိုက်ရသည်။

"အမြဲတမ်း ကူညီပေးခဲ့ပြီး..အကိုတစ်ယောက်လို ဂရုစိုက်ပေးတယ့်...အကိုကို ပန်းချီကားလေး လက်ဆောင်ပေးပြီး...ကျေးဇူးတင်စကားလေး ပြောချင်မိတာ...အမှား...လား..."

"ခွန်း....ကိုယ်ဆေးလိမ်းပေးမယ်..."

ခွန်း က ခေါင်း ရှောင်လိုက်သည်။

"မလိမ်းဘူး...."
"ကိုယ်တောင်းပန်ပါတယ်..... "

"......"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now