အပိုင်း(၄၅၆)

Start from the beginning
                                    

"ကိုယ်က ချစ်လေး အရမ်း အလုပ်ကြိုးစားနေတာ မမြင်ရက်လို့ပါ"

"ချစ်လေး ကိုယ့်ဘာသာကိုယ် အရမ်းကြီး ဖိအား မပေးပါဘူး"
ထျန်းနင်က ချစ်စဖွယ်ကောင်းသော လေသံဖြင့် ပြောဆိုနေသော်လည်း သူမ၏လေသံက လေးနက်သည်။

မို့ထင်က သူ့မိန်းမကို  ဖျောင်းဖျရန် မလွယ်ကူမှန်း သဘောပေါက် မိ၍ အညံံံ့ခံလိုက်သည်။
"ချစ်လေး ကတိပေးရမယ်နော်။ အရမ်းကြီး ကိုယ့်ဘာသာကိုယ် ဖိအား မပေးရဘူး"

"ချစ်လေး ကတိပေးပါတယ်"
ထျန်းနင်က လက်မြှောက်လိုက်ပြီး လေးလေးနက်နက် ကတိပေးသည်။

"ကိုယ် မင်းကို ယုံကြည်လိုက်မယ်"
မို့ထင်က ထျန်းနင်၏လက်ကို အောက်ဆွဲချ ပေးလိုက်ပြီး လုချယ် ဆက်သော ဖုန်းကို ချက်ချင်း ငြင်းဆန်ပစ်သည်။ သို့သော်လည်း ထျန်းနင်က သူ့ကို ဟန့်တားသည်။
"ချစ်လေး နောက်ကွယ်မှ သူ့ကို ဖုန်းပြန် မဆက်ပါနဲ့။ ဒီမှာပဲ ဖုန်းကိုင်လိုက်ပါ ယောက်ျားရယ်"

မို့ထင်က ထျန်းနင်ကို မကောင်းသော လှည့်ကွက်များ မကြားစေချင်ပုံပေ။ ထျန်းနင်က ဖျော်ဖြေရေးလောကထဲ ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်၍ ယခုလို အပြုအမူများနှင့် ကျင့်သား ရနေပါပြီ။ သူမက ဘာကို ကြောက်နေရမည်နည်း။

မို့ထင်က ထျန်းနင်၏မျက်ဝန်းကို လေးလေးနက်နက် ကြည့်သည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဖုန်းကို ကိုင်ပြီး ဖြေလိုက်သည်။
"မို့သူဌေး။ ပါဝင်ပတ်သက်တဲ့ လူအားလုံးရဲ့ နာမည်စာရင်း ရခဲ့ပြီ။ ကျွန်တော်တို့ စုံစမ်းထား သလောက်တော့ ဒါက ရိုးရိုး အမှား မဟုတ်ဘူး။ တခြား ကြံစည်ထားတာ ရှိနေနိုင်သေးတယ်။ ကျွန်တော်တို့ ဆက်စုံစမ်းထားမယ်။ အခြေအနေ ထူးတာနဲ့ ချက်ချင်း သတင်းပို့ပါမယ်"

"တတ်နိုင်သလောက် မြန်မြန် ငါ့ကို အသိပေးပါ"
မို့ထင်၏ အသံက အေးစက်စက် လေသံ အဖြစ် ပြောင်းလဲသွားသည်။

"ဒါနဲ့ ဒီနေ့ မဒမ် ဆေးရုံသွားတဲ့ အခြေအနေ ဘယ်လိုလဲ"

"ကိုယ်ဝန် ရှိနေပြီ"

မို့ထင် သတိမထားမိသော်လည်း မို့ထင်၏ နှုတ်မှ ကိုယ်ဝန် ရှိနေပြီဟု စကားကို ပြောလိုက်ချိန် သူ့နှုတ်ခမ်းလေး ကော့ညွှတ်သွားခြင်းကို ထျန်းနင် သတိထားမိသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now