အပိုင်း(၅၃၈)

44 8 0
                                    

အပိုင်း(၅၃၈)

လိမ်လည်လှည့်ဖြားနေသူက သူတို့မင်းသမီး အနိုင်ရရှိအောင် ကြိုးစားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း သူတို့နှင့်အတူတူ ထျန်းနင်က တန်းတူယှဉ်ပြိုင်နေခြင်းကို မမေ့လျော့သင့်ပေ။

မို့ထင်က ဆုရွေးချယ်ခြင်းတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိ၍ သူတို့က ဩဇာအာဏာ ညောင်းနေသည်။ သူတို့ ဒုက္ခပေးနေသူက တခြားသူ ဖြစ်နေလျှင် မို့ထင် ဂရုမစိုက်သော်လည်း ယခုက မို့ထင်၏ဇနီး ဖြစ်နေ၍ အကျိုးဆက်ကို သူတို့ ခံယူရမည်။

...

နောက်တစ်နေ့ မနက်ခင်းတွင် ယှဉ်ပြိုင်သူအားလုံးကို သံသယဝင်၍ ပွဲစီစဉ်သူက မဲအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။

ထို့အပြင် အမှတ်ပေးခြင်း စနစ်အသစ်ကို လုပ်ဆောင်စေသည်။ အမှတ်ပေးခြင်း၏ စည်းမျဉ်းစည်းကမ်း အသစ်များကိုလည်း ချမှတ်ခဲ့သည်။ ID number တစ်ခုချင်းစီကို မဲတစ်ခုတည်းသာ ပေးခွင့်ရှိသည်။ ယှဉ်ပြိုင်သူအားလုံးကို တရားမျှတစွာဖြင့် ပြန်လည် ယှဉ်ပြိုင်စေသည်။

နောက်ဆုံး အမှတ်ပေးရမှတ် စာရင်းမထွက်ခင် မို့အကြီးအကဲက ထျန်းနင်ကို ဖုန်းဆက်သည်။
"ဘိုးဘိုးကို ပြောချင်တာ မရှိဘူးလား"

"ကောင်းကင်ဘုံကိုပဲ ဆုံးဖြတ်ခွင့် ပေးလိုက်ပါမယ်"
ထျန်းနင်က အပြုံးလေးဖြင့် ပြန်ပြောသည်။
" လုပ်ပေးနိုင်တာ လုပ်သင့်တာ အားလုံး လုပ်ထားပြီးပြီ။ မြေး နောင်တ မရပါဘူး"

" ဒါကမှ မို့မိသားစုရဲ့စိတ်ဓာတ် အမှန်ပဲ"

မို့အကြီးအကဲက ထျန်းနင်ကို ချီးမွမ်းချင်ခဲ့သော်လည်း သူမလက်ထဲမှ ဖုန်းကို မို့ထင်က ဆက်ခနဲ လှမ်းယူသွားသည်။
"လူအိုကြီး ၊ ညဉ့်နက်နေပြီ။ ထျန်းနင် အိပ်ချိန်ရောက်နေပြီ"

"ကောင်စုတ်လေ။ မင်းမိန်းမအတွက် မင်းဘာမှ မလုပ်ပေးတော့ဘူးလား။ နောက်ကွယ်ကနေ ကူညီပေးဖို့ ငါ့ကို ပြောသင့်တယ် မဟုတ်ဘူးလား"

"ထျန်းနင်က အကူအညီမလိုအပ်ဘူး"
မို့ထင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now