စာစဉ်(၂၉) Ep 406+407+408

125 9 0
                                    

အပိုင်း(၄၀၆)

ဇွန်လ ရောက်ရှိလာခဲ့သည်။

'WH'ရုပ်ရှင်ကို သုံးလတာ လျှို့ဝှက်ရိုက်ကူးပြီးနောက် နောက်ဆုံး ဇာတ်ဝင်ခန်း ရောက်ရှိလာခဲ့သည်။ ဤဇာတ်ဝင်ခန်းတွင် ဇနီးသည်က မိုးရေထဲ ကလေးမွေးဖွားနေပြီး သူတို့နေထိုင်သော ရွာလေးက ဗိုင်းရပ်စ် ရောဂါမှ လွတ်မြောက်သွားသည်။ ကပ်ဘေးကာလကို ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

ရုပ်ရှင် အဆုံးသတ်နားရောက်မှ ဇနီးသည်က သူ့ခင်ပွန်းသည်က ရောဂါပိုး သယ်ဆောင်သူမှန်း သိခဲ့ရသည်။ လူတိုင်းက သူ့ခင်ပွန်းကို သတ်ချင်နေကြပြီး သူမ ရှင်သန်နေသည့် နေ့ရက်တိုင်းကို ကြောက်လန့်စိတ် စိုးရိမ်စိတ်များဖြင့် ကုန်ဆုံးခဲ့ရသည်။ သူမ၏ခင်ပွန်းကို ကာကွယ်ပေး ချင်သော်လည်း သူမက လူသားမျိုးနွယ်စုကိုလည်း ကယ်တင်ပေးချင်သည်။

ယင်းနောက်ဆုံး ဇာတ်ဝင်ခန်းအတွင်း သည်းထိတ်ရင်ဖိုသော ခံစားချက် နှင့် စိတ်လှုပ်ရှားသော ခံစားချက်များကို တစ်ပြိုင်နက်တည်း ခံစားစေ၍ ထျန်းနင် နှင့် ပိုင်ချန်သုန်တို့ ကျေနပ်အားရမိသည်။

ဇာတ်လမ်းအစမှ အဆုံးအထိ ထျန်းနင်၏ ဇာတ်ကောင်က အခက်အခဲ အကျပ်အတည်းများကို ရင်ဆိုင်ရသည်။

သူမက ရောဂါကူးစက်လုနီးပါး ဖြစ်ခဲ့ပြီး သူမ ရင်ဆိုင်ရသည့် အကျပ်အတည်းက သူမ မရဏလမ်း တွန်းပို့ခဲ့သည်။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သားများက ပျော်ရွှင်ကြည်နူးစွာ ချီးမြှောက်ကြသည်။ ထျန်းနင် နှင့် ပိုင်ချန်သုန်၏ သရုပ်ဆောင်စွမ်းရည်ကြောင့် ဤရုပ်ရှင်က သေချာပေါက် အောင်မြင်လိမ့်မည်။ ဤဇာတ်ကား မအောင်မြင်လျှင် မည်သည့် ရုပ်ရှင်က ကျော်ကြားမည်နည်း။

တကယ်တမ်း ထျန်းနင် သရုပ်ဆောင်ရသည့် ဇာတ်ကောင်က ပိုင်ချန်သုန်ထက် ပို၍ ခက်ခဲသော်လည်း သူမက ဇာတ်ဝင်ခန်းတိုင်းကို မြန်မြန်ဆန်ဆန် ရိုက်ကူးခဲ့သည်။ ထို့ကြောင့်လည်း ရိုက်ကူးရေးအဖွဲ့သားများက ထျန်းနင်၏ အရည်အချင်းကို အကြွင်းမဲ့ ယုံကြည်ခြင်း ဖြစ်သည်။

"ထျန်းနင် ဂုဏ်ပြုပါတယ်"
အန်ကျီဟောင်က ပန်းစည်းလေး ကိုင်ဆောင်ကာ ထျန်းနင်အနား ချဉ်းကပ်လာခဲ့သည်။
"ပျော်ရွှင်ဖွယ် ရုပ်ရှင် အပြီးသတ် ရိုက်ကူးခြင်းပဲ။ သုံးလတာ အလုပ်ကြိုးစားပြီးပြီဆိုတော့ လွတ်လွတ်လပ်လပ် နေနိုင်ပြီ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Hikayelerin yaşadığı yer. Şimdi keşfedin