အပိုင်း(၄၈၅)

113 13 0
                                    

အပိုင်း(၄၈၅)

"အမှန်ပဲ။ ခဏတော့ ရုပ်ရှင်ရိုက်ကူးတာ ရပ်နားတော့မယ်"
ထျန်းနင် အတည်ပြုသည်။

အစီစဉ်မှူးက တအံ့တဩ ပါးစပ်ကို လက်ဖြင့်ကွယ်ပြီး ထျန်းနင်ကို ငေးစိုက်ကြည့်နေသည်။ ထျန်းနင်က သူမ၏ဖြူစင်မှုကို သက်သေပြရန် ယခုလောက်အထိ လွန်လွန်ကဲကဲ လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။

"တကယ်တမ်း အဲဒီလောက်အထိ လုပ်ဖို့ မလိုအပ်ပါဘူး ထျန်းနင်"

"အမေရိကန် ဒါရိုက်တာက ဘာကြေညာချက်မှ ထုတ်ပြန်မှာ မဟုတ်သလို၊ ကျွန်မကလည်း သူတို့နဲ့ ဘာစာချုပ်မှာမှ လက်မှတ် မထိုးခဲ့ပါဘူး။ ကျွန်မ သူနဲ့ တွေ့ရတဲ့ အကြောင်းအရင်းကလည်း သူ ကမ်းလှမ်းတဲ့ အလုပ်ကို ငြင်းဆန်ဖို့ပဲ။ သူနဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ အတွက် မဟုတ်ပါဘူး"
ထျန်းနင်က ကင်မရာကို ကြည့်ကာ ရှင်းပြသည်။

"ဒီကနေ့ ဒီအချိန်ကစပြီးတော့ ကျွန်မ ထျန်းနင်က ဖျော်ဖြေရေးလောကထဲက ယာယီပျောက်ကွယ်သွားမယ်။ ကျွန်မကို ယုံကြည်လက်ခံပေးခဲ့လို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ ကျေးဇူးကို ဦးညွှတ် ဂါရဝပြုပါရစေ"

ထိုစကားကိုပြောပြီးနောက် ထျန်းနင်က နောက်တစ်ကြိမ် ကင်မရာကို ကြည့်ပြီး အရိုးသားဆုံး ဦးညွှတ်လိုက်သည်။

...

[ထျန်းနင်က အတင်းအဖျင်းသတင်းများကို တန်ပြန်တိုက်ခိုက်ခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်း ရပ်တန့်လိုက်ခြင်း၊ ရုပ်ရှင်လောကမှ ဆုတ်ခွာသွားခြင်း]

[ထျန်းနင် ဆုတ်ခွာသွားရသည့် နောက်ကွယ် အကြောင်းအရင်းက ဘာများလဲ]

[ထျန်းနင် ဆုတ်ခွာသွားရတဲ့ နောက်ကွယ် အကြောင်းအရင်းက ဝန်တိုစိတ် များလွန်းသည့် လူယုတ်မာ တစ်စုကြောင့်ပဲ]

ထျန်းနင်ကို ပြစ်တင်ရှုတ်ချခဲ့သော လူတစ်စုက ထျန်းနင်၏ သတင်းကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေကြသည်။ သူတို့က သူမကို မှားယွင်း အကဲဖြတ်ခဲ့မှန်း သဘောပေါက်သွားခဲ့သည်။

ထျန်းနင်က ရုပ်သံလွှင်ရုံမှ ထွက်ခွာလာစဉ် မို့ထင်က လုချယ်ကို ဖုန်းဆက်သည်။
"ထျန်းနင်ကို ဆယ်လီတွေ ဆန့်ကျင်လာအောင် ဘယ်သူ ကြိုးကိုင်ခဲ့လဲ စုံစမ်းထား။ မင်းကို အချိန်သုံးရက်ပေးမယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now