အပိုင်း(၅၃၉)

48 7 0
                                    

အပိုင်း(၅၃၉)

"မင်းတို့က ဒီနေရာမှာ ထိုင်ပြီးတော့ အကဲဖြတ်ဒိုင်လုပ်နေရတာလေ။ မင်းတို့ရဲ့ လုပ်ငန်းကျွမ်းကျင်မှု နဲ့ တရားမျှတမှုကို ပြသင့်တယ်။ ငါတို့အားလုံး အာရုံစိုက်သင့်တာက သရုပ်ဆောင်ရဲ့ အတွေ့အကြုံ မဟုတ်ဘူး။ သူတို့ရဲ့သရုပ်ဆောင် အရည်အချင်းကိုပဲ အလေးထားသင့်တယ်"

"ငါ ပြောသင့်တာကို ပြောခဲ့ပြီးပြီ။ မင်းတို့က ထျန်းနင်ကို ဖယ်ပစ်သင့်တယ်လို့ ခံစားနေရသေးရင် ငါလည်း ပြိုင်ငြင်းမနေတော့ဘူး။ ဒါပေမဲ့ မင်းတို့ရဲ့ဆုံးဖြတ်ချက် အတွက် သင့်လျော်တဲ့ အကြောင်းပြချက်တော့ ပေးရမယ်။ ဒီလိုမှ မဟုတ်ရင် အများပြည်သူက ငါတို့ဆုံးဖြတ်ချက်ကို အလွယ်တကူ ယုံကြည်မှာ မဟုတ်ဘူး"
မို့အကြီးအကဲက လက်ပိုက်ဟန်အနေအထားဖြင့် သူ့ထိုင်ခုံကို မှီသည်။
" ပြန်ဆွေးနွေးကြတာပေါ့။ မင်းတို့ရဲ့အတွေးကို အရိုးသားဆုံး ငါ့ကို ပြောပါ"

လူတိုင်းက လေးလေးနက်နက် တွေးတောနေကြသည်။
"ဖေးထန်ဆုက နိုင်ငံကိုယ်စားပြု အရည်အသွေးမြင့်တဲ့ ဆုပေးပွဲ။ လူအများရဲ့ အသိအမှတ်ပြုမှုကိုလည်း ရတယ်။ ငါတို့ရွေးချယ်တဲ့သူက သရုပ်ဆောင်ကောင်းရမယ့် အပြင် လူအများ လေးစားတာကိုလည်း ခံရမယ်"

" ငါက ထျန်းနင်ကို ပယ်ထုတ်ရတဲ့ အကြောင်းအရင်းက ရိုးရိုးလေးပဲ။ သူက ဒီဖျော်ဖြေရေးလောကထဲမှာ ရန်သူပေါများတယ်။ ဂုဏ်သတင်းဆိုးတွေလည်း ရှိနေတယ် သူက အရမ်းကို မောက်မာပြီး ဒီလောကရဲ့ စည်းမျဉ်းအများကြီးကိုလည်း ချိုးဖောက်ထားလို့ပဲ"

" သရုပ်ဆောင်အရည်အချင်းနဲ့ ပတ်သက်ရင်တော့ ရွေးချယ်ထားတဲ့ ၁၀ယောက်လုံးက သရုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ လူတချို့က သူ့တာဝန်သူ သိတတ်နေတဲ့အချိန် တခြားသူတွေက နေ့တိုင်းနေ့တိုင်း သတင်းခေါင်းစဉ်တိုင်းမှာ ပါဝင်ဖို့ပဲ ကြိုးစားနေတယ်"

"သူက ရုပ်ရှင်အများကြီးမရိုက်ကူးပေမဲ့ သူ့သတင်းက နှစ်အစကနေ နှစ်ကုန်အထိ သတင်းထွက်နေတယ်။ ဒါမို့လည်း ငါက သူ့ကို မကြိုက်ဘူး"

မို့အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး တခြားသူများကို မေးမြန်းသည်။
"မင်းတို့ရော ဘယ်လိုထင်လဲ။ သူ့အတိုင်း မင်းတို့ တွေးသလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now