အပိုင်း(၅၄၁)

94 12 0
                                    

အပိုင်း(၅၄၁)

ထျန်းနင်က ထျန်းအုပ်စု၏ သူဌေးဖြစ်နေ၍ သရုပ်ဆောင်အလုပ်ကို ဆက်လက် မလုပ်ကိုင်ရသည့်တိုင် ကြီးကြီးမားမား ထိခိုက်မှု မရှိပေ။ သို့သော်လည်း ရှချင်းယန်၏ မိထွေး ကဲ့သို့ သွေးရက်စက်သော မိန်းမနှင့် ထိပ်တိုက်တွေ့လျှင် သူမ၏ လှည့်ကွက်များကို တန်ပြန်တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ရမည်။

ရှချင်းယန်၏ မိထွေးက 'Survive'ရုပ်ရှင်မှ ခေါင်းဆောင်မင်းသမီး ဖြစ်ပြီး သူမထက် နှစ်ဝက်ခန့် အသက်ပိုငယ်သည်။ သူမက မိထွေးဟု သုံးနှုန်းနေသော အမျိုးသမီး၏ အမည်က ယဲ့လန် ဖြစ်သည်။

"ရှချင်းယန် ဒီမိသားစုမှာ ငါက နင့်ထက် ဝါကြီးတယ်ဆိုတာ မမေ့သင့်ဘူးနော်။ လူမှားပြီး ရန်သူလို့ မမြင်နဲ့"

"ငါ့ဘဝရဲ့ အကြီးမားဆုံး ရန်သူက ငါ့အရှေ့ရောက်နေတဲ့ မိန်းကလေး ယဲ့လန်ပဲ။ နင်ရော ငါနဲ့ အတွေးတူတယ်မလား"
ထိုစကားကို ပြောပြီးနောက် ရှချင်းယန်က လက်ပိုက်ဟန် အနေအထားဖြင့် လှည့်ထွက်လာသည်။ သူမက ထျန်းနင်ဘက်မှ ရပ်တည်မည်ဟု ပြောခဲ့ခြင်းက ဟာသသက်သက် မဟုတ်ပေ။ သူမက ထျန်းနင်နှင့် ဆက်စပ်မှု ရှိသည်ဟု ခံစားရပြီး သူမတို့နှစ်ဦး၏ ခံယူချက်ချင်း တူညီမှုကို ခံစားနိုင်သည်။

သူမက ရှအုပ်စု၏ ဝန်ထမ်းကို ချက်ချင်း ဆက်သွယ်ပြီး ထျန်းနင်၏ ဖုန်းနံပါတ်ကို စုံစမ်းခိုင်းသည်။

ရှချင်းယန်၏ အမြင်တွင် ယဲ့လန်ထက် စက်ဆုပ်စရာကောင်းသော မယားငယ် မရှိနိုင်ဟု ခံစားမိသည်။ ယဲ့လန်က သူ့ဖခင်ကို ညှို့ယူဖမ်းစားရန် ဂျပန်နိုင်ငံအထိ သွားရောက်ပြီး ညစ်ညမ်းသော နည်းလမ်းများကို သင်ယူခဲ့သည်။

ဤပညာရပ်တွင် ပါရမီပါသော ယဲ့လန်က သရုပ်ဆောင်လမ်းကြောင်းကို လျှောက်လှမ်းခဲ့သည်။

ရန်သူကို သူမ တိုက်ခိုက်လေ့ ရှိသော နည်းလမ်းတိုင်းက သွေးအေးရက်စက်၍ တခြားသူ၏ ခံစားချက်ကို စဉ်းစားလေ့ မရှိပေ။ ထို့ကြောင့်လည်း ထျန်းနင်၏ မိသားစု နောက်ခံကို မစဉ်းစားဘဲ တိုက်ခိုက်ခြင်း ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now