ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၄၂

Start from the beginning
                                    

ကျွန်တော်နဲ့ off နဲ့ အပ်ခဲ့ပီး စားသောက်ဆိုင်တွင် အအေးသောက်ရင်း စောင့်နေလိုက်သည်။ ၁ နာရီလောက် စောင့်ပီး စာစီတာယူပီး ပြန်ခဲ့ကြသည်။

အိမ်ရောက်တော့ mom က

''သား oaujun မပါဘူးလား''

''မပါဘူးလေ သူ့ကိုအရင်ပြန်ခိုင်းလိုက်တာ''

''မလာသေးဘူး''

''ဒါဆို kit တို့အိမ်ဝင်နေမှာပေါ့''

''အော် ဒီကလေးနှစ်ယောက်ကလည်း nong က အရင်လာလိုက် p' က အရင်လာလိုက်နဲ့ တစ်လှည့်စီပြန်နေကြတယ်''

''သား အပေါ်တက်တော့မယ်နော်''

''အေး အေး''

ကျွန်တော် အပေါ်တက်ခဲ့လိုက်သည်။
ခဏနားပီး ရေချိုးသန့်စင်ပီး ထမင်းဆင်းစားလိုက်သည်။ စားပီးတော့ အပေါ်ပြန်တက်ကာ စာလုပ်နေလိုက်သည်။

kit//
ကျွန်တော်တို့ ညနေကျောင်းပြန်တော့ သူ့ကို မတွေ့ပြန် ။ သူက oaujun ပြောသလို ပရဟိတတွေများနေတော့ တွေ့ဖို့ ခဲယဉ်​းနေသည်။

ကျွန်တော်တို့ အိမ်ပြန်လာတော့ fait နဲ့ oaujun က အိမ်လိုက်၍ ကျွန်တော်တို့ ခဏနားကာ စာအတူတူ လုပ်လိုက်ကြသည်။ oaujun နဲ့ fait က စာလုပ်နေရင်း ကျွန်တော်ကျွေးသော မုန့်ကို ထိုင်စားနေသည်။ ၇ နာရီလောက်ရောက်တော့ mom က ထမင်းခေါ်ကျွေးတာကို oaujun က

''မစားတော့ဘူး mom သားတို့ အခုပြန်တော့မှာ''

''စားသွားပါလား သားရဲ့''

''မစားတော့ပါဘူး mom ရယ် အားနာလို့ ပီးတော့ kit ကျွေးတဲ့ မုန့်စားထားတော့ ဗိုက်မဆာလို့ပါ သားတို့ သွားတော့မယ်နော်''

''အေး အေး''

သူက ပြောပီး စာအုပ်တွေကို လွယ်အိတ်ထဲ ထည့်နေသည်။ fait ကပါ လိုက်သိမ်းနေသည်။ ဒါနဲ့ ကျွန်တော်က

''oaujun ချောကလာပ် p'sing ကို ပေးဖို့ မမေ့နဲ့နော်''

''အေးပါ''

fait က လွယ်အိတ်ကောက်ယူပီး

''အရေးကြီးတယ်နော် မပေးလို့တော့မဖြစ်ဘူးနော်''

''အေးပါ ပေးမှာပါ''

သူက ပြောပီး အခန်းပြင်ထွက်သွားသည်။ ကျွန်တော်တို့ လိုက်ထွက်လိုက်သည်။ အောက်ရောက်တော့ mom ကိုနှုတ်ဆက်ပီး သူတို့ ပြန်သွားသည်။ ကျွန်တော်နဲ့ mom ထမင်းစားလိုက်သည်။ စားပီးတော့ mom ကို ဝိုင်းကူသိမ်းပေးပီး အခန်းထဲ ပြန်ဝင်လာခဲ့သည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now