ကောင်းကင်သည် ညအသွင်သို့ လုံးလုံးလျားလျား ရောက်သွားလေပြီဖြစ်သည်။နမ်ဂျွန်း သစ်သီးခြင်းအား သေချာ ကိုင်၍ ကားပါကင်မှ သူ့စက်ဘီး ရှိရာဆီသို့ လှမ်းလာနေလိုက်၏။
ပြောင်လက်နေသော ဆေးရုံကြမ်းပြင်ထက်
သူ့ပုံရိပ်နှင့်အတူ ခြေထောက်မှ ခြေရာများစွာက ကမ္ဘာမြေလည်ပတ်ခြင်း နှင့်အတူပြေးလွှာနေဆဲပင်။သူ့မှာ သူမတူတဲ့ အရည်အချင်းကောင်းတွေ အများကြီးရှိတယ်။ သို့ပေသည့် မရနိုင်တဲ့ အရာနှစ်ခု ရှိသေးသည်။
အဲ့တာ ရည်းစား နဲ့ ကားမောင်းလိုင်စင်ပဲ။
နမ်ဂျွန်း ရည်းစား မရ နိုင်သလို ကားလည်း မောင်းရမည်မဟုတ်။ စက်ဘီးနှင့်ပဲ သူ့ဘဝကြီးကို ဖြတ်သန်းပစ်တော့မှာပင်။
ရည်းစားမရနိုင်မှတော့ မိန်းမဆိုတာ ဟိုးးအဝေးကြီးမှာ။
ဘာလို့တုန်းတွေတော့ လာမမေးနဲ့။
အဲ့နှစ်ခုက သူ့အတွက် ခက်ခဲတဲ့ အရာတွေမို့လို့. . .။
ဖြေတောင်မဖြေချင်ဘူး။ဆေးရုံအတွင်း ပျားပန်းခတ် သွားလာနေတဲ့ လူတွေရော၊ ဆရာဝန်တွေရော များစွာရှိလျက် သူ့အား တရိုတသေ နှုတ်ဆက်သွားကြသေးသည်။
စင်စစ် နမ်ဂျွန်းသည် အရည်အချင်းများစွာရှိရုံသာမက
လူချစ်လူခင်လည်း သိပ်ပေါတာပင်။ဒီဒေါက်တာနဲ့သာ ဆေးကုရရင်တော့
အပြုံးလေး မြင်ရုံနဲ့တင် ရောဂါ တစ်ဝက်ပျောက်တယ်- ထိုသို့သော စကားများဟာ နမ်ဂျွန်းနှင့် ကုဖူးသူတိုင်း၊ ကုမည့်သူတိုင်း ပြောကြတာပင်ဖြစ်သည်။ဒေါက်တာနမ်ဂျွန်းသည် ထိုကဲ့သို့ပင် သိပ်အေးချမ်းတာဖြစ်၏။
တဆက်တည်း သူသည် နွေးထွေးခြင်းကိုလည်း ပေးသည်။
နူးညံ့ခြင်း နှင့် လည်း သိမ်မွေ့စွာ ပြောဆိုတတ်ပြန်သည်။
ကမ်းလင့်ခြင်းဟူသော လက်တစ်စုံနှင့်လည်း လူသားများအား
ကယ်တင်နေလျက်ရှိသည်။သူသည် အဖြူရောင်နှလုံးသားပိုင်ရှင်စစ်စစ်ပင်ဖြစ်၍ လူသားများစွာအား သေမင်းတံခါးဝက ဆွဲခေါ်လျက် ကမ္ဘာကြီးအား ကောင်းမွန်စွာ အကျိုးပြုနေလေ၏။
YOU ARE READING
မလွတ်မြောက်ခြင်း စပျစ်နွယ်
Fantasy/Cover made by Alexandrine/ သံသရာတွေ ဘယ်လောက်ထိရှည်သလဲ။ ကိုယ်ကတော့ မင်းကို အဆုံးထိ ရစ်ပတ်ထားမယ်. .