18🍇

160 20 21
                                    

" ကလင်ကလင် ~~ စာလာတယ်ဗျို့... ကလင်ကလင် ကလင်ကလင် ~''

ဘဲလ်သံတရစပ်ကြောင့် နားနှစ်ဖက်ကို အုပ်ထားတဲ့ ခေါင်းအုံးကိုဖယ်လိုက်သည်။
ပုံမှန်လိုဆို ဆက်အိပ်နေအုံးမည်ဆိုပေမယ့်
စာ'' ဆိုသည့် နားစွန်နားဖျားကြားလိုက်ရတဲ့ ဝေါဟာရကြောင့်
အိပ်နေရာမှ မနဲကုန်းရုန်းထလိုက်ရ၏။

သာယာလှတဲ့ ငါ့အိပ်ချိန်လေး ကုန်ပါပြီဟု စိတ်ထဲတွင်
အတိုင်းမသိ ကြိမ်းမောင်းနေမိသော်လည်း လက်တွေ့မှာတော့ လုံးထွေးခွထားတဲ့ ဖက်လုံးကိုသာ ကန်ချောက်ပစ်လိုက်သည်။

ပြောရရင် မနေ့ညက အရေးပေါ် အခြေအနေတွေကြောင့်
တစ်စက်မှကို မအိပ်ရသေးတာ။
အိပ်ရေးမဝတော့ ခေါင်းကမူး၊ ကမ္ဘာကြီးက ချာချာလည်နေရောပဲ။
တစက်မှ ခေါင်းကမကြည်။ ဂျွမ်းနှစ်ပတ်လောက် ထိုးပစ်လိုက်ချင်တယ်။တကယ်ပါ။

သူ့အကြောင်း နဲနဲပြောပြမယ်။

ဖြစ်ချင်တဲ့ ရည်မှန်းချက်က Model
ဖြစ်နေရတာက Nurse ။ ဘဝကြီးက သာယာနေရော။သာယာတာမဟုတ်ဘူး ဂျွမ်းပြန်နေတာ။
ဒါ ကိုကြီး နဲ့ သူ့အဘိုးကြောင့်။

မဟုတ်ရင် တီဗွီ တွေ၊ ကြော်ငြာဆိုင်းဘုတ်တွေမှာ
သူ့ ပုံရိပ်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလွှမ်းမိုးထားနိုင်မှာ။
အခုတော့ အခုတော့ တောကြိုအုံကြားမှာ၊ မျက်ကွင်းကလည်း ရေတွင်းကြီးလို ချောင်ကျနေတော့တာပဲ။ အသားအရောင်  ကလည်း အရင်လို တအားမလှတော့ဘူး။

ခြင်တွေကလည်း တအားကိုက်တာလေ။ မသိရင် တစ်ကိုယ်လုံးကို ချီသွားတော့မယ့်အတိုင်း။
ပြီးတော့ ရေကလည်း ချောင်းရေတွေချိုးရတာ။
ဒါကြောင့် အသားအရေတွေက အရင်လိုမလှတော့သလိုပဲ၊ စိတ်ထင်တာလည်း ဖြစ်နိုင်ပါတယ်...
သူက လှကို လှတာပဲဟာ..။
လှတဲ့ မျိုးစေ့က လှနေမှာပဲလေ။

ဖြစ်ချင်တာ နဲ့ ဖြစ်နေရတာက တခြားဆီဖြစ်ခဲ့တယ်
ဆိုပေမယ့် ဒီတောရွာလေးကို ချစ်ပါသည်။
မြို့ပြနဲ့ အလှမ်းအတော်ဝေးတာမို့
ခေတ်သိပ်မမှီပေမယ့် အေးချမ်းလှတာကြောင့် သဘောကျတယ်။

ဒီမှာ ရောက်တာတောင် သူအတော်ကြာခဲ့ပြီပဲလေ။
ရောက်ခါစတုန်းကပဲ ခက်ခဲခဲ့တာ၊ ခုတော့ အဆင်ပြေနေပါပြီ။
တစ်ရွာလုံးကလည်း သိပ်ကြင်နာတတ်ကြတာ။
နွေးထွေးကြတာကလည်း အရမ်းပဲ။
ဒါကြောင့် ဒီရွာလေးကို သိပ်ချစ်သည်။

မလွတ်မြောက်ခြင်း စပျစ်နွယ်Where stories live. Discover now