မနက်ခင်းသည် အေးချမ်းလှသည်။
သို့သော် ထင်းမီးဖိုအနား
ချွေးတစ်ပြိုက်ပြိုက်နဲ့ သူကတော့ ပူလောင်နေလှသည်။
နဖူးအနားတစ်ဝိုက် ချွေးစတို့သည် အစီအရီ ရစ်သိုင်းနေလျက်မို့
လက်ဖမိုးခုံဖြင့် ခပ်ကြမ်းကြမ်းလေး သုတ်ပစ်လိုက်သည်။မလှမ်းမကမ်း နံရံထက်က နာရီကိုကြည့်မိတော့
၉ နာရီ ထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့၏။
တစ်အောင့်နေရင်တော့
ရေမိုးချိုးပြီး ဆေးရုံသို့သွားရပေမည်။သို့ကြောင့်
ဒီ ဆန်ပြုတ်အိုးကျက်ရန် အလို့ငှာ
ယောင်းမ ကိုင်ပြီး ခပ်မြန်မြန်လေးသာ
ဆန်ပြုတ်အိုးကို မွှေပစ်လိုက်သည်။
တထောင်းထောင်းထနေတဲ့ အငွေ့တို့သည်
အပေါ်သို့ တက်နေလျက်ရှိသည်။ခြောက်သွေ့ပြီးသား လက်ကောက်ဝတ်လောက်ရှိတဲ့ ထင်းအတိုအား မီးဖိုအောက်ခြေထဲထည့်၍
မီးအား အရှိန်အဟုန်ဖြင့် တောက်လောင်စေလိုက်၏။
မီးအရှိန်ဖြင့် မြေအိုးထဲမှ ဆန်ပြုတ်တို့သည်
တဗွမ်းဗွမ်းဆူပွက်နေတော့သည်။ကင်ဆော့ဂျင် တစ်ယောက် အဘယ်ကြောင့် မနက်စာအား
ဆန်ပြုတ်စားချင်နေသလဲဆိုတာကိုတော့ သူမသိပါ။
ပြီးတော့ ဂျီးဂျွတ်အီးအွတ်က လျှပ်စစ်မီးဖိုရှိတာကို ထင်းမီးနှင့်
မြေအိုးအရသာ စားချင်ပါတယ်တဲ့လေ။ဒင်းက နေရာတကာမှာ ဆရာကြီးအထှာနဲ့သာလုပ်ချင်လုပ်မယ်။
ဝိုင်းကူမယ်ဆိုတဲ့ စိတ်ကူးက ကင်ဆော့ဂျင် အစပ်အပြုတ်ဆီမှာမရှိ။
အခုလည်း ဘာလုပ်နေတယ်မသိ။ သူ့အား မြေအိုးအရသာ၊ မြေအိုးနဲ့ ချက်တဲ့ ဆန်ပြုတ် စားချင်ပါသည်ဟုသာ ဂျစ်တိုက်ပြီး
အေးအေးဆေးဆေး ကြည့်ရတာ အခန်းထဲ ဂျွမ်းထောင်နေရောပေါ့လေ။သူ့မှာတော့ ချွေးတစ်လုံးလုံးနဲ့
မနက်ခင်းမှာ ပူအိုက်နေရောပဲ။
အစပ်အပြုတ် ဆော့ဂျင်အား မေတ္တာတစ်သွင်သွင်ပို့သရင်း
သစ်သားယောင်းမဖြင့်သာ ဤဆန်ပြုတ်အိုးအား
ငါးချက်လောက် ထပ်မွှေပစ်လိုက်ပြန်တော့၏။ထင်းမီးသည် တဖြတ်ဖြတ် တောက်လောင်နေလျက်။
ဆန်ပြုတ်အိုးသည် တဗွမ်းဗွမ်း ဆူပွက်နေလျက်။
ပါရဂူကြီးတစ်ယောက် အလုပ်ရှုပ်နေတော့၏။
أنت تقرأ
မလွတ်မြောက်ခြင်း စပျစ်နွယ်
الخيال (فانتازيا)/Cover made by Alexandrine/ သံသရာတွေ ဘယ်လောက်ထိရှည်သလဲ။ ကိုယ်ကတော့ မင်းကို အဆုံးထိ ရစ်ပတ်ထားမယ်. .