8🍇

193 28 19
                                    

မိုးသံတွေကြားက မလွတ်မြောက်နိုင်သော နှလုံးသားတစ်စုံ...။
မိုးသံတွေကြားကပဲ ခြောက်ခြားခဲ့ပြန်သော
အဖြူရောင် ဂျူတီကုတ်။

______________________________________

မိုးသည်းညတွေက စိတ်ကူးယဉ်ဖို့ သိပ်ကောင်းတယ်ဆိုတာ
တခါမှ မထင်မိခဲ့ပါဘူး။

ဟင့်အင်း --
မတွေးမိခဲ့တာဆိုရင်လည်း ပိုမှန်ပါလိမ့်မယ်။

တစ်ချိန်ကဆို မိုးရွာတာကို သိပ်မုန်းခဲ့တယ်။
ဒီမိုးရွာသံတွေကြားမှာပဲ အမုန်းတွေကို ပိုကြီးစေခဲ့တယ်။
နှလုံးသားထဲ မိုးရွာချစေခဲ့တာက နီရဲရဲ မျက်ဝန်းမှေးတွေအထိ။

ဒီမိုး တွေက အတိတ်တွေမှာဆို
လုံးဝကို မလှည့်ကြည့်ချင်စရာတွေပါ။
ဒီမိုးစက်တွေက နှလုံးသားရဲ့ မျက်ရည်အချို့... ။
ဒီမိုးစက်တွေကပဲ ရစ်မူးခဲ့စေပြန်တဲ့ စွဲလမ်းမှုတစ်ခု...။
ဒီမိုးစက်တွေကပဲ~~

လှည့်မကြည့်ချင်စရာတွေဆိုပေမယ့်လည်း
မျက်ဝန်းမှေးမှေးတို့သည် အမှတ်မထင်စွာဘဲ
ပြီးခဲ့လေသော မိုးသားတိမ်စိုင်
အတိတ်ဆီသို့ ရောက်ရှိသွားရာမှာတော့~~~~
.
.
.

တိမ်မည်းလိပ်တို့သည် ဖလန်းပြည်ကို လွန်ကာ
ဂန်ရာဆာ ဘက်သို့ တက်လာနေပြီဖြစ်ရာ
မည်းမည်းမှောင်အနေအထားမို့
အာကာတစ်ခွင်ဟာ အုံ့မှိုင်းစွာကြီးစိုးထားနှင့်ပြီ။
မပြီးသေး
တိမ်လိပ်တို့နှင့်အတူ မိုးသက်လေဟာ တဆက်တည်း။

မိုးတိမ်ထုတွေကို ဖြတ်၍ တိုက်ခတ်လာသော မိုးလေအေးက
သေချာတယ်...မိုးရွာဖို့ သယ်ဆောင်လာနေတာ။

ထိုလေထုသည် စပျစ်အရောင် ဆံနွယ်ရှည်ကို တလှပ်လှပ်လှုပ်ခါစေသည်ဖြစ်ရာ
လေပြတင်းအနားက ပုံရိပ်ဟာ ဂန္တဝင်ဆန်စွာ လှလှပပတည်ရှိနေသည်။

မည်းမှောင်မှောင် တိမ်လိပ်တို့အား ငေးမောကြည့်နေသော
ထိုလူသား~~
အဘယ်ရာက ထိုလူသားလောက် ကြည့်ကောင်းနေပါလေအံံ့။
အဘယ်အရာက ထိုလူသားလောက် လှပါလေအံ့..။

ထိုလူသားသည် သူမတူစွာ ထူးခြားနေခဲ့သော သူတစ်ဉီးဖြစ်လေရာ
ကမ္ဘာပေါ်တွင် ပုံတူဆိုတာမရှိနိုင်။
သဏ္ဍာန်တူဆိုတာ မရှိနိုင်။
အသွင်တူဆိုတာလည်း မရှိနိုင်။

မလွတ်မြောက်ခြင်း စပျစ်နွယ်Where stories live. Discover now