12🍇

132 18 23
                                    


ကင်ဆော့ဂျင်၏ မျက်နှာပေါ်တွင်
ချွေးစက်ကလေးများ ပြေးလွှားနေသည်။

နေမပူပဲ မိုးအုံ့လို့ ရာသီဥတုကိုကျေးဇူးတင်ရမည်ဆိုပေမယ့်
သူကတော့ နေမပူဘဲနှင့်တောင်
အလွန်ပူလောင်နေပြီးဖြစ်ရာ ဖြူစွတ်စွတ် အသားရည်က
အနည်းငယ် ညှိုးချင်နေပြီ။

တဆက်တည်း သူပင်ပန်းနေပြီ၊ ဒါကြောင့် မြန်မြန်အနားယူဖို့ လိုအပ်နေပြီဖြစ်တယ်။
သူတို့ ဒီအိမ်ကိုရောက်ဖို့ အတော်ဝေးဝေးက လာခဲ့တာလေ။
ခြေထောက်တွေလည်း ညောင်းနေခဲ့သလို၊
လက်တွေလည်း ညောင်းနေခဲ့ပြီ။

"ထယ်ယောင်း
အဲ့လူကို မြန်မြန်တံခါးလာဖွင့်ဖို့ ပြောအုံး ငါ မောလွန်းလို့
သော်ကေချင်နေပြီ''

ဆော့ဂျင်က ထိုသို့ပြောပြီးသကာလ
သူ့ညီတော် ကင်ထယ်ယောင်း၏ သြရှရှအသံသည်
ဟိန်းထွက်လာခဲ့သည်။
ဘေးနားက သစ်ပင်ပေါ်က ငှက်ကလေးများတောင်
လန့်ပြန်သွားတာမို့ သူ့ညီအသံက သိပ်ကိုကျယ်တာ
ပြောပြစရာတောင်မလိုတော့ဘူး။

ဆော့ဂျင်သည်တော့ သူ့ရဲ့ အဖိုးတန်လှတဲ့
မျက်နှာလှလှလေးအား မဲ့ရှုံ့နေလေပြီ။
သူ တော်တော်ပူပြီး အတော်လေး ဂါနေပြီဟုတ်တယ်။

"တံခါးမြန်မြန်လာဖွင့်ပေးပါ
မြန်မြန် !!!! ''

ထယ်ယောင်းက ထိုသို့အော်ပြောပြီးသည့်တိုင်
အထိုလူက နေရာကမရွေ့ ။
ဆံပင်ကောက်ကောက်လေးတွေ အောက်က
မျက်ခုံးတန်းလေးအား စုကျုံ့လိုက်ရင်း

"အကို အဲ့ဒါ ခြံစောင့်ရော ဟုတ်ပါ့မလား
သူ့ကြည့်ရတာ တမျိုးပဲ
ကျွန်တော်တို့ အိမ်မှားနေတာတော့ မဟုတ်ပါဘူးနော်''

"မမှားဘူး
ဒီအိမ်မှ ဒီအိမ်ပဲ ဟိုးးမှာမြင်ရတဲ့ အဲ့အပင်ကြီးကို
ငါ ကောင်းကောင်း မှတ်မိတယ်''

"မှန်ရင်လည်း ပြီးရော
အကို! ကျွန်တော် ခြေထောက် ညောင်းနေပြီ''

ထယ်ယောင်း၏ ဆံပင်လေးများသည်
ရှိရင်းစွဲထက် ပိုကောက်ကွေ့နေလာသလိုပင်။
ရပ်စောင့်ရတာကို ထယ်ယောင်း  အမှန်တကယ် မကြိုက်ဘူး။
သူမကြိုက်သလို ဘယ်သူမှလည်း
ကြိုက်မှာမဟုတ်ဘူး။

မလွတ်မြောက်ခြင်း စပျစ်နွယ်Onde as histórias ganham vida. Descobre agora