21🍇

192 18 10
                                    

ဂျောင်ကု. . ဂျောင်ကု.. ဘယ်မှာလဲ ''

ပြန်ဖြေသံမကြားတာကြောင့်
ဂျီမင် ဗလောင်ဆူသွားရသည်။

ဒါကြောင့် နောက်တစ်ကြိမ် ထပ်ခေါ်မိသည်။
အလားတူစွာ ဂျောင်ကုရဲ့ ပြန်ဖြေသံက ထွက်မလာခဲ့ပေ။
အဲ့ဒီအစား တိတ်ဆိတ်နေဆဲ အခန်းငယ်က ခြောက်ကပ်စွာ
ဆီးကြိုနေသည်။

ဂျီမင် ရင်အစုံသည်တော့ ထိုကဲ့သို့ တိတ်ဆိတ်မနေ
သည့်အပြင် အတွေးဆိုးများက ဆက်တိုက် ဦးနှောက်ဆီသို့ နေရာယူလေပြီဖြစ်ရာ လူဟာ ဘာမှမရှိတော့တဲ့ နာမ်တစ်ခုလိုမျိုးပင်။

ဒီအချင်းအရာတွေက
သူ့အတွက် ဒဏ်ရာ မဟုတ်တဲ့ ဒဏ်ရာတွေပါပဲ။

ဂျောင်ကု သတိရသွားပြီလား..
ဝိညာဉ်က ဟိုဘက်ဆီပြန်သွားလိုက်ပြီလား
ဟင့်အင်း အဲ့လိုမလုပ်နဲ့နော်
အဲ့လိုသာဆို အဲ့ကမ္ဘာထိ လိုက်ပြီး ဝိညာဉ်ပြန်နှုတ်ပစ်မှာ။
ဒါမှမဟုတ် အဲ့ဘက်က ခန္ဓာကိုယ်ကို သတ်ပစ်လိုက်ရမလား။

ဂျောင်ကု. .

မင်းနဲ့ ပက်သက်ရင် ကိုယ်ဟာ ရက်စက်ခြင်းတွေကိုလည်း
သတိမမူနိုင်တော့ပါဘူး။
တရားသောခြင်း၊ မတရားသောခြင်း အကြောင်းအရာတွေကအစ ဘယ်အရာမှ မသိနိုင်တော့ဘူး။

သူ့ကမ္ဘာကနေ ထွက်သွားပြီးလားဆိုသည့်
အတွေးဆိုးများက ဝင်ရောက်လာ​တော့
လက်ထဲက ဖျော်ရည်ခွက်ကိုပင် မထိန်းနိုင်တော့။
ထိန်းရန် အင်အားမရှိတော့တာလို့ ပြောရင် ပိုမှန်လိမ့်မည်။

ဘောင်ဘင်ခတ်နေသော ဖျော်ရည်ခွက်ထဲမှ
သစ်သီးရည်များသည် တုန်ရီနေသော လက်ကြောင့်
အောက်သို့ ခုန်ဆင်းကုန်ကြလေ၏။
ထို့အတူ မျက်ရည်ကြည်တချို့ဟာ ရစ်သိုင်းလာလေသည်။
ငှက်တောင်ပံကဲ့သို့ တဖျတ်ဖျတ် မျက်တောင်တွေကို လျှင်မြန်စွာ ခတ်လိုက်သည်။
ဒါက မျက်ရည်မကျအောင် ပုတ်ထုတ်လိုက်တာလည်း
ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မမြင်ရတဲ့ ခန​အတောအတွင်းမှာတောင် ရင်ဘတ်တစ်ခုလုံး ဆို့နစ်သွားတာ
ဂျောင်ကုသာ အပြီးအပိုင် ထားသွားခဲ့ကြည့်
သေပြီးသား နှလုံးက ထပ်ခါထပ်ခါ သေမှာ။
ကုန်းကောက်လို့ မရတော့လောက်အောင် ကြွေမွပျက်စီး သွားနိုင်တယ်။
ဘာမှမရှိတော့သလို ဆုံးရှုံးမှုမျိုးလေ။

မလွတ်မြောက်ခြင်း စပျစ်နွယ်Where stories live. Discover now