အကုန်လုံးက အံ့သြစွာကြည့်ရင်း ထမင်းစားဝိုင်းကြီးဟာချက်ချင်းရပ်တန့်သွားသည်။

ဒါပေမယ့် Lord လက်ထောက်နဲ့ ကိုယ်ရံတော်ခေါင်းဆောင် က မြင်ရတာအဲ့ထက်မကပင်။ သူတို့က သူများငြိမ်လို့လိုက်ငြိမ်နေတာ...

ဝန်ကြီးချုပ်ဟာ ချက်ချင်း ဆိုသလို
အံ့အားသင့်သွားကာ
"ငါအခုဘာမြင်လိုက်ရတာလဲ..."

သူ့ဘေး က ကာကွယ်ရေးဝန်ကြီး နဲ့ စစ်တပ်ရေးရာ
ဝန်ကြီးလဲ...အ သွားရသည်။

Lord က ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်ပါ..

"ဘေဘီ...စားလေ....မကောင်းလို့လား...အခွံမနွှာတတ်တာလား...ကိုယ်လုပ်ပေးရမလား"

အခုတော့ Lord လက်ထောက်နဲ့ ကိုယ်ရံတော်ခေါင်းဆောင် က ကြောင် အ သွားကာ

"ဘေဘီ...."

ရှိသမျှ လူတွေအကုန်လုံး Lord ကို အံ့သြစွာကြည့်နေကြသည်။

ခွန်း က သူတို့ကို ကြည့်ကာ...ပိုတောင်ကြောက်လာသည်။ဖြစ်နိုင်ရင်ထွက်သာပြေးလိုက်ချင်တယ်...

"Lord....ရပ်သင့်ပြီ" (တိုးတိုးလေးပြော)

Lord က သူတို့ကို ကြည့်ကာ
"ဘာဖြစ်နေကြတာလဲ... "

"Lord...နေမကောင်းဘူးလား"

"ခေါင်းထိထားသေးတာလား..."

"အခု ဆရာဝန်ခေါ်ပေးရမလား..."

ဝန်ကြီးချုပ်သုံးယောက် တစ်ယောက်တစ်ပေါက်ပြောစကားများကို Lord နားထောင်ရင်း

"ခင်ဗျား.တို့...ရူးနေလို့လား...ငါခေါ်ပေးမယ်"

"မဟုတ်....ပါ...ဘူး"

"Lord...ဒီမိန်းမလှလေးက..."

"ငါ့ ကောင်မလေး.....အားလုံးသိတယ့်အတိုင်း
ငါနဲ့ Moe Wanna Htet က ချစ်လို့ယူထားတာမှ
မဟုတ်တာ..."

Lord ပြောစကားကို ဘယ်သူကမှ မတုံ့ပြန်ရဲကြပေ။

Lord က သူ့ဆရာနှစ်ယောက်စကားပဲနားထောင် အခုတော့တစ်ယောက်ပဲကျန်တော့တာ
အဲ့တစ်ယောက်က ဒီမှာမရှိလို့ပဲ။

Lord က သူ့လက်နဲ့ ခွန်းကို ပုဇွန် နွှာပေးသည်။

"ကျေးဇူးတင်ပါတယ်....Lord.."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Όπου ζουν οι ιστορίες. Ανακάλυψε τώρα