အပိုင်း (31)

Start from the beginning
                                    

"အင်း......"

ခွန်းက ပင်လယ်ကြီး ကို ကြည့်ကာ ပန်းချီဆွဲနေသည်။
"မင်းက အဲ့ပင်လယ်ကြီးထက်ပိုလှတယ်..ဘာလို့
ကိုယ့်ပုံကို မဆွဲတာလဲ"

ဘာလို့ဆို ခွန်းမျက်လုံးမှိတ်လိုက်တိုင်း Lord ကို
မြင်နေရလို့ပေါ့.....ဒါပေမယ့် အဲ့လိုမပြောပါဘူး..

"ပင်လယ်ကြီးက ပိုလှတယ်..."

Lord က ခွန်း ရဲ့ ပန်းချီအပြင်
သူ့Cameraကိုလဲ ယူလာခိုင်းသည်။

Lord ရဲ့ ဝါသနာက ဓာတ်ပုံရိုက်ရတာလေ..

Lord က ခွန်း ကို ဓာတ်ပုံ တဖြတ်ဖြတ်ဖြင့် ရိုက်သည်။

ခွန်း ပန်းချီ ဆွဲနေတယ့် ပုံလေးကိုပေါ့....
Lord က ခွန်း ရဲ့ မျက်နှာလေးကို
အနီးကပ်ဆွဲကာကြည့်လေ... ရင်က ပိုခုန်လာလေ...

သူပုံလေးတွေ ဘယ်လောက်တောင်ရိုက်မိမှန်း
ကိုယ့်ဟာတောင်မသိချေ။

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ညစာ စားလို့အပြီး....ခွန်း က TV ကြည့်နေသည်။

Lord က ဓာတ်ပုံ လှမ်းရိုက်လိုက်သည်။
.ပြီး​တေ့ာ သူမအနားလာကာ...

"ဘာ ကားကြည့်နေတာလဲ...မင်းကြည့်ရတာ TV
မကြည့်ဖူးတယ့်သူကြလို့"

"ကြည့်ဖူးပေမယ့်...ဒါမျိုး တော့ မကြည့်ရဘူး...အမေ က မကြည့်ခိုင်းဘူး...အိမ်မှာက...
အိမ်စေ လိုနေရတာ...အဲ့တော့ ဒါမျိူးတွေမလုပ်ရဘူး"

"မင်းအမေက အရင်းရောဟုတ်ရဲ့လား..."

"ထားလိုက်ပါ... ပြန်မတွေးပါရစေနဲ့...ခွန်း အခုလိုမျိုးလေ..နဲ့ ကျေနပ်ပါတယ်"

"......မင်း အိမ်မက်ကဘာလဲ..."

"ပန်းချီဆွဲမယ်...အိမ်တစ်လုံး ဝယ်မယ်..အေးဆေးနေမယ်"

"ကောင်းတာပေါ့....ငါ အိမ်ဝယ်ပေးရမလား.."

"မလိုပါဘူး...ကိုယ့်ဟာကိုဝယ်မှာ..."

"အေးပါကွာ.....မင်းငါ့ကို ကြိုက်လား..."

မကြိုက်ဘဲနေမလား...ကြိုက်ပေမယ့်... မလိုချင်ဘူး
ခွန်း က ဟိုကြည့် ဒီကြည့်နှင့်

"Lord...ပေါက်ပေါက်ဆုပ် ဝယ်ကျွေးပါလား.."

Lord က စကားကို လိုက်မဆက်တော့ပါဘူး..
"ဝယ်ကျွေးရမှာပေါ့..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now