အပိုင်း (25)

Start from the beginning
                                    

"အမ ခေါင်းပြတ်တယ့်နေ့ကြရင်...ညီမကို ခွန်း လို့ခေါ်ပါ့မယ်"

"အို.....ဘယ်လိုကြီးလဲ "

"Lord က အဲ့လို ခေါ်ဖို့ အမိန့်ပေးထားလို့ပါ...
ဒါကြောင့်... ညီမ ကို ခွန်း လို့ခေါ်တယ့်နေ့က
အမရဲ့ ခေါင်းပြတ်မယ့်နေ့ပါ"

"အဲ့လောက်တောင်လား..."

"ဒါဆို...မမ သိလား....Lord ဘယ်မှာလဲ "

"Lord...မင်းဆရာ ဆုံးလို့ ညချင်းထွက်ခွာသွားပါတယ်...."

မမနွယ် အကူညီနဲ့ မျက်နှာသစ် သွားတိုက်သည်။

မနက်စာ စားအပြီး...လမ်းလျှောက်ပေးသည်။

"အဆင်ပြေရဲ့လား...မမလေး..."

ခွန်း နားထဲ အဲ့မမလေး ဆိုတယ့်ဟာက
နားထဲ ဓားတစ်ချောင်းထောက်နေသလိုပဲ....

"မမလေး....အဆင်ပြေရဲ့လား.."

"မမနွယ် ပြောတာ ညီမကို ခွန်း လို့ခေါ်ရင် ခေါင်းပြတ်တာမလား...."

"ဟုတ်တယ် "

"ဒါဆို ညီမလေး...ညီမ အဲ့လိုခေါ်ပါလား...
နာမည်မဟုတ်ဘူးလေ...Lord ရှေ့ဆို မမလေး
လို့ ခေါ်လေ..ညီမတောင်းပန်ပါတယ်..
အခုနားထဲ တစ်မျိုးကြီး ဖြစ်နေလို့...."

"ကောင်းပါပြီ.. ညီမ...."

"ရေး.....ပြေတယ်..မမနွယ်...အပြင်မှာ လေကောင်းလေသန့်လေးရှူပြီး လမ်းလျှောက်ချင်တယ်"

"ရတယ်လေ...ညီမ..."

ဖြေးဖြေးချင်းလျှောက်ကာ...လှေကားထစ်ကနေတစ်ထစ်ချင်းဆင်းသည်။

အိမ်ထဲဝယ် ဝတ်စုံအပြည့်နှင့် လူထူးဆန်းတွေကို တွေ့ရသည်။

Lord ကိုယ်ရံတော်တွေကို ကြည့်ရင်း..အချို့ကို ..မြင်ဖူးသလို ခံစားနေရသည်။

ခွန်း က အပြင်ကိုရောက်တော့.....

"WOW တောင်ကုန်းကြီးတစ်ခုပါလား..သစ်ပင်ကြီး တွေအများကြီး... အနောက်က ပင်လယ်လား...အသံတွေကြားနေရတယ်...."

အိမ်ကြီး က အပြင်ကမြင်ရတော့ ကြီးပြီး ခမ်းနားသည်။

"အရောင်က ဘာလို့ အနက်ကြီးလဲ..."

"မမနွယ်...အပေါ်ထပ်မှာ ညီမရဲ့ ပန်းချီပစ္စည်းတွေနဲ့ ဖုန်းယူလာပေးလို့ရမလား..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now