အပိုင်း (24)

Začít od začátku
                                    

"အား.....မထိုးဘူး...ဆေးမထိုးချင်ဘူး..."

Lord က ခွန်းအသံလေးကြောင့် သူမ
အနားသွားထိုင်ကာ....
"ခွန်း...ငါ့ကို ကြည့်..."

ခွန်း က Lord ကို ကြည့်လိုက်သည်။

Lord က ခွန်းပါးလေးကို "ပြွတ်စ်...." ဆိုပြီး အသံလေးထွက်အောင် နမ်းလိုက်သည်။

ခွန်း ပါးလေးရဲတတ်သွားသလို ဘေးက FA အပေါင်းလဲ သာဓုခေါ်နေပါသည်။

"တွေ့လား...ဆေးထိုးပြီးပြီ"

တဂယ်လဲ ပြီးပြီ....

"ဆေးချိတ်ပေးထားတာ...ဘယ်သူဖြုတ်ပေးတာလဲ"

ဆရာဝန် အမေးကို Lord က ဝင်ဖြေသည်။

"ငါဖြုတ်ပေးထားတာ...ဘာလို့လဲ"

"အရမ်းသပ်ရပ်တယ် ပြောမလို့ပါ..."
Lord က ဂရုမစိုက်စွာဖြင့် ခွန်း ကို ကြည့်ကာ

"အလုပ်ရှိလို့သွားအုံးမယ်...ပြီးရင်ပြန်လာခဲ့မယ်"

"အင်း..."

Lord က သူ့အလုပ်ကို လုပ်ရန် အခန်း အပြင်ကို ထွက်သွားခဲ့သည်။

~~~~~~~~~♥♥♥♥~~~~~~~~~~

ဆရာဝန်ယောက်ျားလေးတွေက အပြင်ကိုထွက်ပြီး ဆရာဝန်မလေးက ခွန်းရဲ့ ကျောက အနာကပ်ခွာတွေလဲပေးကာ ဆေးပြန်ထည့်သည်။

"Lord ရဲ့ ချစ်သူ လား"

"ရှင်....."

ခွန်းမှာ သူ့အတွက်အဖြေမရှိဘူး...ခွန်း တို့အခြေနေက ဘာမှန်းလဲ ခွန်းနားမလည်ဘူး.

"ဟို...ခွန်းတို့က....ဒီလိုပါပဲ...သခင်နဲ့အရုပ်
ဆက်ဆံရေးမျိုးပါ"

"အမ အထင် Lord က ညီမကို အရမ်းသဘောကျနေတယ်...ထင်တယ်... "

"မဟုတ်ပါဘူး....Lord က.. ဒီအတိုင်း ပါ..."

သူရဲ့ အရုပ်ကို သဘောကျတာ သာမာန် ပါပဲ...
ငါ့ထက်သာတယ့်သူရှိလာရင် ငါက လွှတ်ပစ်ခံရမှာ..

အဲ့နေ့ကသာ ရောက်လာရင်....ငါဘယ်လိုလုပ်ရမလဲ
ငါ Lord ကို ချစ်မိလို့မဖြစ်ဘူး...

ဆရာဝန်တွေ အကုန်ထွက်သွားပြီး မကြာမှီ Lord က ခေါက်ဆွဲကြော် ပန်းကန် လေးနှင့်ပြန်လာသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Kde žijí příběhy. Začni objevovat