အပိုင်း (23)

Start from the beginning
                                    

Lord နဲ့ သူ့လက်ထောက် ကြောင်ကြောင်တောင်တောင်ဖြင့် မျက်လုံးပြူးနေသည်။

သူဘာတွေပြောနေတာလဲပေါ့...

"Convertible...Minimizer.. Push up..."

ဆက်နားမထောင်နိုင်တယ့်အဆုံး...Lord က ဝင်ဖျတ်ပြောလိုက်သည်။

"ရပ်...ရပ်...ကျွန်တော် လက်ဆောင်ပေးမလို့မဟုတ်ဘူး..ကျွန်တော့်...ကျွန်တော့် ကောင်မလေး အိမ်တွင်းဝတ်ဖို့ ပေါ့ပေါ့ပါးပါး လေးပေးပါ..."

"အော်... နားလည်ပါပြီ... ဒါဆို Soft cup bra ပြီးတော့ Push bra အဲ့နှစ်ခုက အရမ်းပေါ့ပါးတယ်..ဘာလေးယူမလဲရှင့်.."

"ပုံစံလေး ပြလို့ရမလား... "

ကောင်မလေးက ထုတ်ပြသည်။

Soft cup က ပို့ပြီး နူးညံ့ပြီး ပေါ့ပါးလောက်တယ်..
ဒါပေမယ့် Push bra က ပိုပြီး Sexy ကျတယ်.

"နှစ်ခုလုံးပေးပါ..."

"ကောင်မလေး Size က ဘယ်လောက်လဲရှင့်..."

"Size အမျိုးစားလေးတွေပြပေးပါ..."

Size သုံးမျိုးယူပြသည်။

Lord က မြင်တာနဲ့...

"ပထမဆုံး Size ပါ အကုန် ဒါမျိုးလေးပါ...5ထည်စီ...."

အရောင်းဝန်ထမ်းမလေးက Lord လက်ထောက်ကို ကြည့်ကာ.

"အကိုကရော..."

"အတူတူပဲ...ကောင်မလေးက..."

"ရှင်...."

Lord က သူ့လက်ထောက်ကို အခုပဲ သက်ပစ်မလိုကြည့်လိုက်သည်။

"အော်...ကျွန်တော်ဆိုလိုတာ...သူ့ကောင်မလေးက ကျွန်တော့် သူငယ်ချင်း... အဲ့တာမို့ ကျွန်တော်က သူနဲ့အဖော်လိုက်ခဲ့ပေးတော့...ဝယ်ပေးမယ့်ကောင်မလေးက အတူတူပဲ...ဆိုလိုတာပါ"

"အော်...တော်ပါသေးတယ်ရှင့်...ပြီးတော့ဘာလိုသေးလဲရှင့်..."

"underwear ....."

"ဟိုဘက်အခြမ်းကြွပါရှင့်...."

Lord နဲ့ Lord လက်ထောက်က အဲ့ရောက်တော့
ညောင်းလို့ နှစ်ယောက် ထိုင်လိုက်သည်။

"ဘယ်လို ပုံစံမျိုး လိုချင်ပါလဲ"

"Sexy ကျတယ့်ဟာမျိုးလေးရယ်...ပေါ့ပါးတယ်ဟာမျိုးရယ်...နှစ်မျိုးပြပါ..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now