အပိုင်း (20)

Start from the beginning
                                    

"ဟုတ်....ကိုမင်း...."

"မင်းအဆောင် ကို သွားရအောင်"

ဒီလိုနဲ့  မိုး ရဲ့အဆောင် ကို သွားသည်။

ရောက်တော့ မိုးရဲ့ လက်ထောက် အသစ် အဖမ်းခံနေရသည့် မြင်ကွင်းပင်။

ထပ်ပြီး မအောင်မြင်ပြန်ဘူး...သူဘယ်လို ဆင်ခြင်ပေးရမလဲ အတွေးတွေကြောင့် မိုး အရမ်းကို
ထိတ်လန့်သွားပေမယ့်။ ထိန်းရင်း....

"ကိုမင်း....ဒါက..."

Lord က ဆိုဖာ ခုံဝယ် ထိုင်ကာဖြင့်
လက်ညိုးထိုးကာမေးသည်။

"ဒါက....မင်းမသိ..ပြန်ဘူးပေါ့"

မိုးက မျက်ရည်လေးဝဲ ပြကာ..

"ဟင့်အင်း...ဘာတွေဖြစ်ပြန်တာလဲ...မင်းတို့
ဘာလုပ်ကြ ပြန်တာလဲ...."

ဒီအချိန်လက်ထောက်က......

"ဒီကိစ္စက သခင်မ နဲ့ မဆိုင်ပါဘူး... သခင်မ
က အရမ်းဖြူစင်ပါတယ်...Lord က ညတိုင်း
အဲ့အပျက်မ...."

Lord ချက်ချင်း ထလာကာ...မျက်နှာကို
ကန်ပစ်လိုက်သည်။

"ပြန်ခေါ်လိုက်စမ်း...."

သူမ အရမ်း တုန်လှုပ်သွားသလို မိုးကိုယ်တိုင်လဲ တုန်လှုပ်သွားသည်။

Lord က ခွန်းနဲ့ ပတ်သတ်လာရင် အရမ်းကြောက်စရာကောင်းတယ်

"အဲ့မိန်း....က..လေးနဲ့ အတူဖြတ်သန်းနေချိန်
သခင်မက ညတိုင်း ငိုနေတာကို...
မကြည့်ရက်လို့...လုပ်မိတာပါ"

ဒီကောင်မ တော်လှချည်လားလို့ မိုး တွေးမိလိုက်သည်။

"ဟုတ်ပြီ.... မင်း အရင်ဆုံး...မင်းသခင်ကို မေးကြည့် ငါနဲ့ ဘယ်လိုကတိတွေပေးပြီး လက်ထက်ခဲ့လဲဆိုတာ...."

"ကိုမင်း....ဒါ မိုး မှားတာပါ...မိုး...ကိုမင်းကို လွမ်းလို့ ညဘက်တိုင်း ငိုမိတာပါ...မိုး..က... ကိုမင်း ဘယ်သူနဲ့ရှိနေလဲ မစုံစမ်းခိုင်းပါဘူး....မိုးရဲ့...လက်ထောက်က မကြည့်ရက်လို့...လျှောက်လုပ်မိတာပါ..မိုးတောင်းပန်ပါတယ်...."

Lord က Moe Wanna Htet ကို ကြည့်ကာ...

"ဟုတ်တယ်...အဲ့ဒါမင်းမှားတာ..မင်းစောက်သုံးမကျလို့....ဖြစ်တာ...အဲ့တော့...နောက်တစ်ခါ ထပ်ဖြစ်ရင်...မင်းကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ပြင်ထား..."
ပြောကာ Lord က စားပွဲကို စောက်ကန်ကာ ဒေါသထွက်စွာ ပြန်သွားသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now