အပိုင်း (16)

Start from the beginning
                                    

Lord ရဲ့ လက်ထောက်က ကြောင်လေးထည့်ထား
သည့် လှောင်အိမ်လေးနဲ့အတူ....နေ့လည်က ဝယ်ထားသည့် ခွန်းအတွက် ပစ္စည်းတွေ ကိုယူလာသည်။

ခွန်းက ကြောင်လှောင်အိမ်လေးကိုတွေ့တော့အရမ်းဝမ်းသာသွားသည်။

လှောင်အိမ်လေးကို ဖွင့်လိုက်ချိန် ကြောင်လေး က
"မြှောင်....." ဆိုတယ့်အသံလေးနဲ့အတူ အပြင်ကို ထွက်လာသည်။

သူမ ကြောင်လေးကို ချီကာ ကုတင်ပေါ် တတ်ထိုင်လိုက်သည်။

"မင်းသဘောကျတာလား...."

"အင်း....သဘောကျတယ်"

"မြှောင်...."

Lord က ပြုံးပျော်နေသည့် သူမကို ကြည့်ကာ
သဘောကျနေသည်။

"အဲ့လောက်တောင် သဘောကျနေတာလား"

"အင်း...."

ကြောင်လေးကို ကိုင်ကာ ကြောင်လေးကို နမ်းလိုက်ဖြင့် အရမ်းကိုချစ်ဖို့ကောင်းနေသည်။

သူက ​ကြောင်လေးနဲ့အပြိုင် ချစ်စရာကောင်းနေတော့ ဒီလူက ပိုအသဲယားတာပေါ့....

Lord က သူဝယ်လာတယ့် ပစ္စည်း အိတ်တွေကိုယူကာ ဖြင့် ကုတင်ပေါ်ယူလာသည်။

"Lord အဲ့တာဘာတွေလဲ"

"..ဒီနေ့ ငါ Shoppingထွက်တယ်လေ....
မင်းလဲ သိမှာပါ..."

"အင်း...သိတယ်လေ..."

နေရာတိုင်းမှာ အဲ့သတင်းတွေကြီးပဲ မမြင်ချင်မှ အဆုံး....အဲ့ဒါတွေကြီးပဲ။

"ငါမင်းအတွက်ဝယ်လာတာ"

"ရှင်.....ဒါက ခွန်း အတွက် လား..."

"ဟုတ်တယ်လေ...."

ခွန်းရင်ထဲ အရမ်းသဘောကျသွားသည်။ သူ့ဇနီးအတွက် သွားဝယ်တာတောင် ခွန်းအတွက်ပါလာတာလား....

"Lord...."

"ဘာလဲ...သဘောမကျလို့လား"

"ဟင့်အင်း.....အရမ်းသဘောကျတယ် "

အင်္ကျီလေးထုတ်ကြည့်သည်။ စကပ်လေးတွေရော
ခွန်းရဲ့ဆိုဒ်ကွက်တိပဲ သူဘယ်လိုသိတာလဲ..

"Lord....ခွန်းရဲ့ဆိုဒ်ကိုဘယ်လိုသိတာလဲ"

"ညတိုင်း ငါမင်းခါးဖတ်အိပ်နေတာ မှန်းပြီးဝယ်လာတာ....အကုန်လုံး မှန်းပြီးဝယ်ခဲ့တာ"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now