အပိုင်း (16)

Start from the beginning
                                    

Lord ရောက်တော့ ခွန်း အနည်းငယ် ပျော်သွားသည်။

"ကိုဟိန်း.....ခွန်းကို သွားခွင့်ပြုပါအုံး"

"အင်း....."

ခွန်းက အနောက်ကလိုက်လာကာ ဒူးတွေလဲ တုန်နေသည်။

အခန်းထဲရောက်တော့.....

Lord က သူမကိုကြည့်ကာ

"မင်း အဲ့အကောင်နဲ့ ဘာတွေပြောနေတာလဲ"

ရုတ်တရက် ခွန်း က ဒူးထောက်လိုက်သည်။

Lord က မျက်လုံးပြူးသွားကာ သူဘာလုပ်တာလဲပေါ့....

"ခွန်းကို ကူညီပေးပါ...Lord...."

"ဘာဖြစ်လို့လဲ..."

Lord က ကုတင် အစွန်းမှာထိုင်လိုက်သည်။

"ထ...ဘာဖြစ်တာလဲ...ပြော"

Lord က သူမကို ထဖို့ ပြောပေမယ့်...မထ ပါဘူး..

"ခွန်း ကို အိမ်ထောင်ချပေးတော့မယ်....ခွန်း
မလိုချင်ဘူး "

"ဘာ....မင်း စောစောစီးစီး ဘာလို့မပြောတာလဲ.."

"Lord.... ခွန်းကို ကယ်ပါ...."

"လာ...ငါ့ပေါင်ပေါ်လာထိုင်"
အဲ့တော့မှ ထသည်။

ခွန်းက Lord ပေါင်ပေါ် ဘေးစောင်းလေးထိုင်ကာ
Lord ရင်ခွင်ကို မှီလိုက်သည်။

ခွန်း မျက်ရည်တွေကျနေသည်။

Lord ရဲ့ လက်က ခွန်း မျက်ရည်တွေကို သုတ်ပေးလိုက်ရင်း

"ငါမင်းကို ဘယ်သူ့လက်ထဲမှ အပါမခံဘူး..."

"Lord.....တဂယ်ပြောတာလား"

"တဂယ်ပေါ့....ပြောစမ်းပါ...မင်းနဲ့သဘောတူတယ့်အကောင်ရဲ့ နာမည်ကို"

"ဦးကျော်စွာ...."

"အင်း....ငါကြည့်ရှင်းလိုက်မယ်...မနက်ဖြန် သတင်းကောင်းစောင့်နေလိုက်"

"Lord....ကျေးဇူးတင်ပါတယ်"

"ငါ့ အရုပ် လုပ်မယ်မလား..."

"အင်း....လုပ်မယ်"

"ဟုတ်တယ်..မင်းက ငါ့အရုပ်လေး..ငါ့အပိုင်ပဲလေ"

ခဏအကြာ တံခါးခေါက်သံကြားလိုက်သည်။

ခွန်းက Lord အပေါ် ထကာ
တံခါးသွားဖွင့်ပေးသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now