အပိုင်း (15)

Start from the beginning
                                    

ကိုယ့်အနာကို ဆေးထည့်ပြီး တစ်ဖူးဖူးဖြင့် မှုတ်ကာ
ဒဏ်ရာ သက်သာအောင် လုပ်နေသည်။

လက်မထပ်ချင်ဘူး...ဒီအတွေးတွေသာ ပြန်ဝင်လာသည်။

"Lord.....တစ်ယောက်ပဲ...ငါ့ကို ကယ်နိုင်တော့မယ်"

အခုချိန်မှာ အမြန်ဆုံးရောက်ချင်တာဖြစ်ပြီး
တစ်ချိန်က မသွားချင်ဆုံးအလုပ်က အသွားချင်ဆုံးဖြစ်လာပြီး....မတွေ့ချင်ဆုံးလူက အတွေ့ချင်ဆုံးသူ
ဖြစ်လာခဲ့သည်။

"ငါက Lord ရဲ့ အရုပ်လေ...Lord က အနည်းဆုံးတော့...သူ့အရုပ်ကိုသေချာသိမ်းလောက်မှာပါ.
သူသာ ငါ့ကို ဆက်မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ....အဟင့်...ဟင့်...ငါ...ဘယ်လိုဆက်လုပ်မလဲ"

"အဟင့်....ဟင့်.....ဘာဆက်လုပ်ရမလဲ.... "
~~~~~~~~~~♥♥♥♥~~~~~~~~~~

Moe Wanna Htet တစ်ယောက်
သူ့လက်ထောက် အသစ်နဲ့တွေ့နေသည်။

အရည်အချင်းသိချင်လို့

"ငါ့ကို လူတစ်​ယောက်အကြောင်းစုံစမ်းပေး..."

"ဟုတ်ကဲ့... သခင်မ"

"စောက်သုံးမကျလို့ကတော့ ချက်ချင်း လှည့်ထွက်သွားလိုက်"

"...ဟုတ်ကဲ့ "

ရဲတိုက်ကြီးက အကြီးကြီး ဒါကြောင့် Lord နေတယ့်
အဆောင်ဘက်နဲ့ Moe Wanna Htet အဆောင်ကလဲ တစ်ဖက်တစ်ချပ်ဆီဝယ် Lord ရဲ့အဆောင်တော်က ပိုမိုကြီးကျယ်ခမ်းနားသည်။

ထမင်းစားခန်းကြီးသည်လဲ Lord ရဲ့
အဆောင်ဘက်မှသာရှိသည်။

Lord ရဲ့အဆောင် ရဲတိုက်ရဲအလည်တည့်တည့် ခန်းမဆောင်ကြီးပင်။

Lord လူတွေက Moe Wanna Htet အဆောင်ဘက်ကိုမသွားတာကြောင့် Moe Wanna Htet က
ဘယ်လိုလူမျိုးဆိုတာလဲ မသိချေ။

Moe Wanna Htet က Lord ဆီကို လာခဲ့သည်။

Lord က သူ့ရဲ အလုပ်တွေကိုလုပ်တယ့် ခန်းမကြီးဝယ်...သူ့လက်ထောက် နဲ့ အတူ ဆွေးနွေးနေသည်။

ဘာတွေအရေးတကြီးဆွေးနွေးနေလဲဆိုရင်...

"Lord...ကြောင်ဆိုတာ အရောင်အမျိုးမျိုးရှိတယ် အဖြူ တို့ အဝါ..အနက် အဲ့လိုပေါ့"

"ချစ်စရာကောင်းတယ့်ကြောင်မျိုးဆို ငါအနက်ရောင်ရွေးသင့်လား"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now