အပိုင်း (10)

Start from the beginning
                                    

"ဘာဖြစ်လို့လဲ... ကိုမင်း...သူ...
ကိုမင်းကို ဘာလုပ်လိုက်လို့လဲ"

Lord က ဆေးလိပ်ကို တစ်ဖွာလောက်ရှိုက်ရင်း...
မျက်ခုံးတစ်ဖက်ပင့်ပြကာမေးသည်။

"မင်းလူက ငါ့အပိုင်ကိုလာထိတာ...
ငါ ဘာလုပ်သင့်လဲ"

အံ့သြ မှင်သက်စွာ သရုပ်ဆောင်ပြရသည်။

"ဘာ.....မိုးရဲ့ လက်ထောက် က ရာရာစစ ကိုမင်း အပိုင်ကိုထိရဲတယ်ပေါ့"

"မဟုတ်ဘူး....အဲ့တာ...."

"ပါးစပ်ပိတ်ထားစမ်း....."

Lord ရဲ့ လူတွေက သူမပါးစပ်ကို
ပိတ်ထားတော့သည်။

"ကိုမင်း ရဲ့ အပိုင်က ဘာလဲမသိပေမယ့် မိုး
သူ့ကိုယ်စား တောင်းပန်ပါတယ် "

"ဒါဆို ဒီကိစ္စက မင်းနဲ့ မသက်ဆိုင်ဘူးပေါ့"

သူမ အပြစ်ကင်းချင်ယောင်ဆောင်တယ့်
မျက်ဝန်းများနှင့်
"ဘာကိစ္စလဲ... ကိုမင်း....ဘာဖြစ်လို့လဲ... "

"ကောင်းပြီ....ယုံလိုက်မယ်....အခု မင်းရဲ့လူက ငါ့အပိုင်ကို ထိတယ်ဆိုတော့....မင်းဘယ်လို အပြစ်ပေးမလဲ...."

သူငါ့ကို စမ်းသပ်နေတာပဲ...ငါသာ သူကျေနပ်အောင်အပြစ်မပေးနိုင်ဘူးဆိုရင် ငါ ပြသာနာ တတ်လောက်တယ်။

"အမိန့်ပေးတယ့် လျှာကို ဖျတ်ပြီး....သက်ပြစ်လိုက်ရင်ရော...ကိုမင်း စိတ်ကျေနပ်ရဲ့လား..."

လက်ထောက်မှာ ခြေတွေလက်တွေတုန်လာကာ ခေါင်းကို ဆက်တိုက်ခါက မျက်ရည်တွေလဲ ကျလာသည်။

Moe Wanna Htet ဆိုတာ သူလွတ်ရာရုန်းဖို့ ဘယ်သူ့ကိုမဆို စတေးဖို့ ဝန်မလေးဘူး..

"ဟုတ်ပြီ...မင်းက သူ့သခင်ဆိုတော့လဲ...
လွှဲလိုက်ပြီ....."

Lord က Moe Wanna Htet ရဲ့ ပါးပြင်ကို
ထိတွေ့ကာ ဖြင့် ပြောသည်။
"တော်လိုက်တာ... ငါကျေနပ်တယ်...မင်းကိုပဲ လွှဲမယ်နော်"

"ဟုတ်ကဲ့...ကိုမင်း"

~~~~~~~~~♥♥♥♥~~~~~~~~~~~~

ခွန်း..က အိမ်မှာ အိမ်မှုကိစ္စလုပ်နေတုန်း....

Shine Win Thant က ခွန်းရဲ့ ပတ်တီးတွေမြင်တော့

"ဘာဖြစ်တာလဲ...ဒီနေ့ အမေလဲမရိုက်ပါဘူး"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now