လူနှစ်ယောက်က ဘာလုပ်ဖို့လဲလို့ မမေးရဲတော့ပေ၊ သူဌေးက အမိန့်ပေးတယ်ဆိုမှတော့ သူက လက်ထောက်တစ်ယောက်အနေနဲ့ အမိန့်ကို နာခံရမှာပေါ့။

"သူတို့ကို ချန်ယန်နောက်ကို လိုက်ခိုင်းပြီး မကြာသေးခင်က သူနဲ့ အနီးကပ် အဆက်အသွယ်ရှိခဲ့တဲ့ လူတွေကို စုံစမ်းခိုင်လိုက်"

ချန်ယန်မှာ ရည်းစားရှိနေပြီး ကိုယ်ဝန်တောင် ရနေတယ်ဆိုရင် ချန်ယန်က သူ့ကို လှည့်စားပြီး ဦးထုတ်စိမ်းဆောင်းပေးတယ်လို့ ရှဲ့ရန်က ခံစားနေရတယ်။

ခနနေတော့ ဒေါသတွေ အနည်းငယ် ပြေလျော့သွားတဲ့ ရှဲ့ရန်က အခြား ဖြစ်နိုင်ချေတွေကို တွေးတောနေမိတယ်၊ အနှစ်သုံးဆယ်ကျော်နေထိုင်ပြီးတဲ့နောက်မှာ အခုအချိန်မှာ သူ လူမှားတွေ့မိလိမ့်မယ် လိုတော့ သူ မယုံဘူး။

ချန်ယန်က သူ့ကို တကယ်လှည့်စားခဲ့တာဆိုရင်တော့ ချန်ယန့်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းတယ်လို့ပဲ ပြောရတော့မယ်။

"ဟုတ်ကဲ့၊ ခဏနေ တစ်ယောက်ယောက်ကို ဆက်သွယ်ပြီး စောင့်ကြည့်ခိုင်းလိုက်ပါ့မယ်" ကားထိုင်ခုံနဲ့ ပိတ်ဆို့ထားတာကြောင့် လက်ထောက်က ရှဲ့ရန်ရဲ့ လက်ထဲက ဆေးဗူးကို သတိမထားမိခဲ့ပါဘူး။

ချန်ယန်က ကျောင်းဘက်ကနေ သူ့ငှားနေတဲ့အိမ်ကို ပြန်လာပြီး အင်္ကျီကို သက်တောင့်ရှိတဲ့ နူးညံ့တဲ့ ညအိပ်ဝတ်စုံနဲ့ လဲ၀တ်လိုက်တယ်။

သူက ကိုယ်ဝန်ဖျက်ချဆေးကို မသုံးတော့ဘူးလို့ ဆုံဖြတ်ခဲ့တာကြောင့် သူ့အင်္ကျီထဲက အဲဒီဆေးပုလင်းက ရှဲ့ရန်ရဲ့ကားထဲမှာ ကျန်နေခဲ့မှန်း သူ သတိမထားမိတော့ဘူး။

တခါတရံမှာ ချန်ယန်ရဲ့ဗိုက်က နာကျင်မှုကို ခံစားရပြီး အစာစားချင်စိတ်လည်း မရှိဘူး။ အရင်တုန်းကတော့ ချန်ယန်က ဘတ်စကတ်ဘောကစားတာကြောင့်လို့ ထင်နေခဲ့တာ၊ အခုတော့ ကိုယ်ဝန်ကြောင့်လားဆိုပြီး သံသယဝင်လာတယ်။ အဲ့တာကြောင့် အင်တာနက်မှာ ရှာကြည့်လိုက်တဲ့အခါ သူရခဲ့တဲ့အဖြေကြောင့် ချန်ယန်က ကိုယ်ဝန်ဆောင်အားအေးအချို့ကို ဝယ်ဖို့ နားလည်လိုက်တယ်။

သူ့သားရဲ့ဖေဖေက အချမ်းသားဆုံးဘီလျံနာWhere stories live. Discover now