Part - 44

1.3K 89 30
                                    

>> Unicode <<
~~~~~~~~~~~~

သားပျောက်သွားတယ်လို့ကြားသည်နှင့် ဝေဆာထူပူသွားကာ ရှာပုံတော်ဖွင့်ရတော့၏။ မူပိုင်ဖုန်းပြော‌ရင်း တစ်ချက်လေးသတိလွတ်သွားရာက သားကိုမတွေ့တော့ခြင်းပေ။ မူပိုင်လည်း မျက်နှာမကောင်းတော့။ လိမ္မော်ခြံထဲမှာ နှစ်ယောက်သားလူခွဲပြီးရှာကြတာ ၁၀ မိနစ်လောက်ကြာသွား၏။

နောက်ဆုံးမှ သူတို့လိုပင် လိမ္မော်ခြံကိုအလည်လာကြသူတွေကြားထဲမှာပဲ သားကို ပြန်တွေ့လိုက်ရသည်။

" သား ! "

နာမည်ပင်‌ခေါ်စရာမလိုအောင် ဝေဆာ့အသံကို သားက တစ်ခွန်းတည်းနှင့်သိသည်။ သူနှင့်ရွယ်တူကလေးများကြား ဆော့နေရင်း ချက်ချင်းပဲလှည့်ကြည့်လာ၏။ ဝေဆာလည်း သားအနားကို မပြေးရုံတမယ်သွားပြီး ပွေ့ချီလိုက်သည်။

" ရှာလိုက်ရတာသားရယ်၊ ဘာလို့ထွက်သွားတာလဲ ဟင် "

" ကလေးရဲ့အဖေလား "

အမျိုးသမီးကြီးရဲ့အသံကြားမှ ဝေဆာ လှည့်ကြည့်မိသည်။

" ဟုတ်ကဲ့ ကျွန်တော့်သားပါ၊ ဖုန်းပြောနေတုန်း သားထွက်သွားတာကိုမသိလိုက်တာ "

" ဟယ် သတိထားဦးနော်၊ ကလေးက တအားချစ်ဖို့ကောင်းတယ်၊ သူက ဒီမှာသူငယ်ချင်းတွေတောင်ရနေတာ "

ထိုအခါမှ ဘေးက ကလေးတွေအများကြီးကို ဝေဆာ သတိထားမိတော့သည်။ သားနှင့်ရွယ်တူကလေးလေးတွေ ၅ ယောက်လောက်ပါပြီး နည်းနည်းကြီးတဲ့ကလေးတွေလည်း အဖွဲ့လိုက်တွေ့ရသည်။ လက်ထဲမှာ ပွေ့ချီခံထားရတဲ့သားက ငြိမ်ငြိမ်မနေဘဲ ကော့ထိုးပြီးဆင်းနေတာကြောင့် အောက်ပြန်ချပေးလိုက်တော့မှ ကလေးတစ်ယောက်ဆီ တန်းနေအောင်ပြေး၏။

" ကလေးတွေက လေ့လာရေးခရီးထွက်လာတာလားဗျ "

" ဟုတ်တယ်တူလေး "

ဆင်တူဝတ်စုံလေးတွေနှင့်ကလေးတွေမှာ သနပ်ခါးတွေဖုံနေအောင်လိမ်းထားကြသည်။ ဝတ်ထားတဲ့အဖြူရောင်ရှပ်အင်္ကျီလေးတွေမှာ  " မေတ္တာရိပ် မိဘမဲ့ဂေဟာ " ဆိုသည့်စာတန်းကအထင်းသား။

" မောင် တွေ့ပြီလား "

အနားရောက်လာတဲ့မူပိုင့်ခင်မျာ ချွေးတွေတောင်ပျံနေ၏။

မောင့်မူပိုင် ( Completed )Where stories live. Discover now