Part - 12

1.1K 79 16
                                    

>> Unicode <<
~~~~~~~~~~~~

ရုံးပြန်တက်သည့်ပထမဆုံးရက်မှာ ကြားလိုက်ရတာက ရုံးပြောင်းရမည့်သတင်းပေ။

" မင်းဘယ်လိုသဘောရလဲ ဈာန် "

" ငြင်းလို့ရမယ်ဆိုရင်တော့ ကျွန်တော်ငြင်းချင်တယ် အန်ကယ် "

" ဘာဖြစ်လို့လဲ ပြောင်းပြီးရင် လစာအပြောင်းလဲလည်းရှိမှာပဲလေ "

ဈာန် ခပ်သဲ့သဲ့ပြုံးလိုက်ရင်း..

" တစ်ကိုယ်တည်းသမားမို့ နေရာပြောင်းရွှေ့ရလည်း နောက်မှာပူပန်စရာမရှိဘူးဆိုပြီး အန်ကယ်ကကျွန်တော့်ကိုလွှတ်ချင်တာသိပါတယ် ဒါပေမဲ့ ကျွန်တော်လည်း အဝေးမှာသွားနေလို့မရတဲ့အကြောင်းရင်းရှိတယ် အန်ကယ်ရဲ့ "

ဦးသုခရဲ့မျက်နှာ အနည်းငယ်တင်းသွားသည်။ ဘယ်ဘက်လက်သူကြွယ်က နဝရတ်ကိုးသွယ်လက်စွပ်ကြီးကို ညာဘက်လက်ချောင်းများနှင့်ပွတ်သပ်နေရင်း ရှေ့တည့်တည့်ကဈာန့်ကို စူးစိုက်ပြီးကြည့်လေသည်။

" ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိစ္စတွေ ရောထွေးပစ်တော့မှာလား ကိုယ့်လူ "

" ဒီတစ်ခါနောက်ဆုံးပါ အန်ကယ်.. "

သက်ပြင်းတစ်ချက်ရှိုက်ရင်း သောကတွေဝေဆာသွားတဲ့ ဦးသုခရဲ့မျက်နှာကိုကြည့်ကာ ဈာန့်ရဲ့အပြုံးတို့ကပိုပီပြင်လာသည်။ ထို့နောက် လက်ချင်းယှက်ကာ ခေါင်းကိုလည်းငုံ့လိုက်ရင်း ရိုကျိုးစွာဆိုလိုက်၏။

" ကျွန်တော့်ကိုပြောင်းစေချင်တဲ့ဆရာတွေကိုလည်း အန်ကယ်ပဲစည်းရုံးပြီး လူစားထိုးဖို့ပြောပေးပြီး ကူညီပါအုံးဗျ "

လေးပင်စွာ ခေါင်းညိတ်ပြလေသည်။

မလိုအပ်ဘဲနဲ့ ရုံးပြောင်းစေချင်တဲ့ကိစ္စမှာ ပုဂ္ဂိုလ်ရေးရာတွေမပါကြောင်းပြောနေလည်း အပိုပဲမဟုတ်လား။ ဈာန်လင်းရဝေကို သူတို့လက်ခုပ်ထဲကရေလိုသတ်မှတ်ထားပေမဲ့ စိတ်ကူးနှင့်လက်တွေ့ဟာ တစ်ထပ်တည်းမကျပေ။ ဒီကိစ္စမှာ ဝေဆာလည်းပါနေတာ သိသာပါသည်။ သူကတော့ တခြားအကြောင်းရင်း‌တွေကြောင့်မဟုတ်ဘဲ မူပိုင်နှင့်ဝေးစေချင်တာပဲဖြစ်မည်။

မောင့်မူပိုင် ( Completed )Où les histoires vivent. Découvrez maintenant