Part - 16

1.1K 64 16
                                    

>> Unicode <<
~~~~~~~~~~~~

ကတ္တရာလမ်းမပေါ်က ပြန့်ကြဲနေတဲ့မှန်ကွဲစတွေကိုငေးရင်း ဝေဆာ တစ်လှမ်းချင်းလျှောက်လာသည်။ သိပ်မဝေးတော့တဲ့အကွာဝေးလောက်မှာတော့ ခေါင်းခန်းတစ်ခုလုံး ကြေမွပျက်စီးသွားတဲ့ ကားအဖြူလေးတစ်စီးရှိနေ၏။ ထိုကားဆီသို့ တဖြည်းဖြည်းလျှောက်လာရင်း သူ့ခန္ဓာကိုယ်မှာ အရိုက်ခံထားရသလိုနာကျဥ်နေတာကိုလည်း သတိထားမိသည်။ ခြေထောက်တွေပါ ထုံကျဉ်ကိုက်ခဲနေသော်ငြားလည်း သူ့ခြေလှမ်းတွေရပ်မသွားဘဲ ထိုကားအဖြူလေးဆီ တရွေ့ရွေ့ဆက်လှမ်းနေ၏။

ကားရဲ့ယာဉ်မောင်းနေရာဘက်ခြမ်းကိုရောက်မှ ကားထဲသို့သေချာကြည့်လိုက်ရာ တွေ့လိုက်ရသည့်မြင်ကွင်းဟာ ဝေဆာ့ရဲ့မျက်လုံးတွေကို ပြူးကျယ်သွားစေသည်။

" အ..အဖေ !? အဖေ့ !! "

မျက်နှာတစ်ခုလုံးဒဏ်ရာတွေနှင့် သွေးအလိမ်းလိမ်းဖြစ်နေတဲ့ အဖေ။ ဝေဆာကြောက်လန့်သွားကာ အာခေါင်ခြစ်ပြီးအော်ခေါ်ပေမဲ့ အဖေကတော့ နိုးမလာခဲ့။

" အဖေ့ !! အဖေ ကျွန်တော့်ကိုကြည့်ပါဦး! အမေ.. အမေရော... အမေ !! အဖေ့ကိုကယ်ပါဦး ! ကျွန်တော့်အဖေကို ကယ်ပါဦးဗျာ!! "

အဆက်မပြတ်အော်ခေါ်နေရင်း ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငိုမိတော့သည်။ လက်တွေကလည်း ပျက်စီးနေတဲ့ကားတံခါးကို သတိလက်လွတ်ဖြစ်စွာ ဆွဲဖွင့်နေ၏။ တံခါးဖွင့်နေတဲ့သူ့လက်မှာ ဒဏ်ရာတွေဗရပွနှင့် တဆတ်ဆတ်တုန်နေသော်လည်း နာကျဉ်မှုကိုသူမခံစားနိုင်သေး။

" အဖေ ! သတိထားပါဦး!! "

ငယ်ငယ်တည်းက သားဖြစ်သူမျက်နှာညှိုးရင် မနေတတ်ရှာတဲ့အဖေဟာ အခုတော့ သူအော်ဟစ်ငိုကြွေးနေတာတောင် မျက်လုံးတွေပွင့်မလာတော့။ တံခါးဖွင့်နေတဲ့လက်တွေရပ်သွားပြီး ဝေဆာ အဖေ့ကိုနောက်တစ်ကြိမ်ကြည့်မိသည်။ ရုပ်ပျက်ဆင်းပျက်ဒဏ်ရာတွေကြောင့် အဖေဖြစ်သူ နာကျဉ်ခဲ့မှာကိုတွေးမိတော့ သူ့ရင်ထဲမှာ တင်းကြပ်ဆို့နင့်လာ၏။ အဖေ့ဆီကဂရုစိုက်မှုတွေကို အလျှံပယ်ရခဲ့ပေမဲ့လည်း ကိုယ်တိုင်ကတော့ အဖေ့ကို မကာကွယ်နိုင်ခဲ့ပါလား။

မောင့်မူပိုင် ( Completed )Where stories live. Discover now