Part - 34

1.4K 80 26
                                    

>> Unicode <<
~~~~~~~~~~~~

" ကျွန်တော်လက်ခံလိုက်ချင်တယ် မေမေ.. "

" သားဆုံးဖြတ်ပြီးပြီလား၊ မင်းရဲ့သွေးသားကို မင်းကိုယ်တိုင်ထိတွေ့ခွင့်မရှိဘဲ ပေးပစ်လိုက်ရမှာနော် "

မေမေ့ရဲ့စကားအဆုံး မူပိုင့်ရင်ထဲမှာလည်းတင်းခနဲ။

" ကျွန်တော်ဆုံးဖြတ်ပြီးပြီ၊ ဒီလိုဆုံးဖြတ်ရတာလွယ်တယ်လို့မဟုတ်ပေမဲ့လည်း သူနဲ့ဆိုရင်... ကလေးတစ်ယောက်ရဲ့ဘဝက အဆိုးထဲရောက်သွားစရာအကြောင်းတော့ မရှိဘူးထင်တယ် "

" ဒါပေမဲ့ဟယ်... မူပိုင်ရယ် နင်ကလည်း.. "

" ကျွန်တော်ကိုယ်တိုင်ပဲ သူနဲ့စကားပြောလိုက်မယ်၊ သူဆက်သွယ်လာရင် ကျွန်တော်နဲ့တိုက်ရိုက်ပြောဖို့သာ သူ့ကိုပြောလိုက်နော် "

မေမေတို့က ဝေဆာ့ဘက်ကကလေးယူချင်တာကို အခုထိမလိုက်လျောချင်ကြ။ ဝေဆာကလည်း ကာယကံရှင်ဖြစ်တဲ့မူပိုင့်ကိုတော့ ဆက်သွယ်မလာဘဲ ဖေဖေနှင့်သာစကားပြောသည်။ ထိုအချက်ကပင် မူပိုင့်ကို စိတ်အလိုမကျဖြစ်စေ၏။

ဒီလူကြီးဟာ အခုထိ ‌စိတ်ရှိလက်ရှိထုရိုက်ပစ်ချင်စရာ။ ကွာရှင်းမှာက သူနဲ့ ကျွန်တော်လေ။ သူနဲ့ကျွန်တော်ပဲစကားပြောရမှာပေါ့။ အခုကျမှ အရိပ်တောင်မမြင်ရဘဲ ပျောက်ချက်သားကောင်းနေလိုက်တာ။ မမြင်ချင်၊ မတွေ့ချင်တဲ့အချိန်တုန်းကတော့ တောက်တဲ့လို အနားမှာတွယ်ကပ်နေခဲ့ပြီးတော့။

တွေးလေစိတ်တိုရလေမို့ မူပိုင့်မျက်နှာလေးက နီစွေးတက်လာ၏။ ဝေဆာနှင့်အဆက်သွယ်ပြတ်နေတာ ရက်ပေါင်းနှစ်ဆယ်ကျော်လို့ တစ်လပြည့်တော့မည်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ။ တကယ်ဆို အချိန်ယူပြီးတော့ နှစ်ယောက်သားစကားပြောသင့်တာမဟုတ်လား။

စိတ်တိုတိုနှင့် အိမ်ကထွက်လာသည့်အခါ လွမ်းမူပိုင်ရဲ့ခြေလှမ်းများက ဘောက်ဆတ်ဆတ်။ ထိုလူကြီးကိုဖုန်းဆက်ပြီး အပီပြင်ကောပစ်လိုက်ရမလားလို့တွေးတောရင်း ကလေးမဆန်သင့်ဘူးဆိုတဲ့အသိကလည်း သူ့ကိုတားနေသည်။ ဘတ်စ်စီးဖို့ ကားမှတ်တိုင်ကိုရောက်သည်အထိ မူပိုင်တစ်ယောက် မှုန်ကုပ်ကုပ်နှင့်စိတ်မကြည်ပေ။

မောင့်မူပိုင် ( Completed )Where stories live. Discover now