Part - 7

1.3K 86 22
                                    

>> Unicode <<
~~~~~~~~~~~~

အဖြူရောင်ကြွေပန်းအိုးလေးများနှင့် စီတန်းကာစိုက်ထားတဲ့ အပင်ငယ်လေးတွေကိုကြည့်ပြီး မူပိုင်သဘောကျနေသည်။ တစ်ပင်နှင့်တစ်ပင် အရွက်အခက်တွေမတူဘဲ အပင်အမျိုးစားတွေကစုံသည်။ နေရောင်ခြည်ကောင်းကောင်းရတဲ့ဝရန်တာမှာ‌ အသီးသီးနေရာယူထားကြ၏။ အများစုက ဂမုန်းပင်တွေဆိုတာကိုပဲသိပြီး ကျန်တဲ့အပင်စိမ်းစိမ်းတွေရဲ့အမျိုးစားကိုတော့ သူ့ဦးနှောက်လေးကမခွဲခြားနိုင်ပေ။ သေချာတာတော့ ဟိုလူကြီးစိုက်ထားတာပဲဖြစ်မည်။

ဝရန်တာမှာပဲ ပန်းအိုးလေးတွေနဲ့စိုက်ထားတာလားဆိုရင် ဘယ်ဟုတ်ပါ့မလဲ။ ခြံထဲမှာလည်း တောက်တဲ့လက်ဝါးပင်၊ နှင်းဆီ၊ သပြေ၊ ငွေပန်း စသဖြင့် အပင်တွေကစုံလို့ပါပဲ။ နှင်းဆီဖြူတွေဆိုရင် ပွင့်တောင်ပွင့်နေပြီ။

" မူပိုင် "

ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့ ဟိုလူကြီး။ ကိုယ့်ထက်အရပ်ပိုရှည်လို့မော့ကြည့်နေရတာကြီးက တစ်ခါတလေမှာစိတ်အနှောင့်ယှက်ဖြစ်စရာကောင်းတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ။ သူက ရှည်တာကိုး..။

" နိုးနေတာကို ဆင်းလာတာမဟုတ်ဘူး၊ မနက်စာစားမယ်လေ "

" ခင်ဗျားရုံးမသွားဘူးလား "

" ဒီနေ့နားတယ် "

နားတယ်ဆိုတော့ မူပိုင့်မျက်နှာလေးကညှိုးခနဲ။ သတိထားမိတဲ့ ဝေဆာက ခပ်သဲ့သဲ့ပြုံးရင်း အနောက်ကပန်းအိုးလေးတွေကိုလှမ်းကြည့်သည်။

" မင်းလည်းအစိမ်းရောင်‌ကြိုက်တတ်လို့ မျက်စိအေးအောင် ဒီအပင်တွေဝယ်ဖြစ်သွားတာ၊ ဝယ်ထားတာတောင်မကြာသေးဘူး၊ မူပိုင် သဘောကျလား "

ကြိုတင်တွက်ဆထားသလိုပင် သူ့မေးခွန်းအဆုံးမှာ ပြန်ရလိုက်သည်ကလျစ်လျှူရှူ့ခြင်းတွေသာ။ ဒါကိုလည်း လင်းဝေဆာမောင်တို့က အပြုံးမပြတ်။ မဖြေချင်ရင်လည်း အတင်းမေးဖို့ဆန္ဒမရှိပါဘူးလေ..။

" ဒီနေ့ ကိုယ့်သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတာ၊ မင်္ဂလာဆောင်ကိုမလာလိုက်ရလို့ ဒီနေ့မှတွေ့ဖြစ်မှာလေ၊ မူပိုင် ကိုယ်နဲ့လိုက်ခဲ့ချင်လား "

မောင့်မူပိုင် ( Completed )Where stories live. Discover now