Part - 23

1K 67 22
                                    

>> Unicode <<
~~~~~~~~~~~~

မှန်ထဲကကိုယ့်ပုံရိပ်ကိုကြည့်ပြီး မျက်လုံးအဝိုင်းသားနှင့် မူပိုင်ကြောင်နေမိသည်။ လည်ပင်းတဝိုက်က နီရဲနေတဲ့အရာတွေကို ဘယ်လိုရခဲ့လဲဆိုတာ မူပိုင့်ဦးနှောက်ကမစဉ်းစားနိုင်။ လူက ထူပူနေကာ အဖြစ်ပျက်တွေတစ်ခုချင်းကို အစပြန်ဆွဲထုတ်နေရသည်။

မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ..။ မှတ်မိသမျှက ခေါင်းမထောင်‌နိုင်တဲ့အချိန်မှာ ဈာန်ကအိမ်အထိပြန်လိုက်ပို့ပေးတယ်။ ဟိုလူကြီးက မူပိုင့်ကို အိပ်ခန်းထဲထိတွဲ‌လာပေးတယ်။ ဘယ်လောက်ပဲစဉ်းစားပါစေ တွေးလို့သမျှက ဒီလောက်ပဲ။ ကြားထဲမှာ ဘာတွေဖြစ်ခဲ့သေးတာလဲ။

အတွေ့ကြုံမရှိသည့်တိုင် လည်ပင်းကနီစွေးစွေးအရာတွေက ဘာမှန်းမသိရလောက်တဲ့အထိတော့ မူပိုင်မတုံးသေး။ မှန်ရှေ့မှာရပ်ပြီး အတွေးပေါင်းများစွာနှင့်တစ်ယောက်တည်းရှိနေချိန် အခန်းတံခါးပွင့်လာသည်။ ဝင်လာသူက ဝေဆာ ။ မူပိုင်နိုးနေတာကိုတွေ့တော့ တစ်ချက်သာလှမ်းကြည့်ပြီး..

" မနက်စာပြင်ထားတယ်၊ လာဆင်းစားလိုက်ဦး "

" ခဏလေး.. "

မူပိုင့်ကိုကြည့်နေတဲ့ ဝေဆာ့ရဲ့ပုံစံက ခါတိုင်းမြင်နေကျလိုမဟုတ်။ ပြုံးစစနှင့်အနားကိုလိုက်ကပ်နေမဲ့အစား အခန်းဝမှာပဲငြိမ်သက်နေသူကြောင့် မူပိုင့်ရဲ့စိတ်‌တွေက ပိုပြီးရှုပ်ထွေးလာရသည်။ မူပိုင်ထင်တာမမှားရင်တော့ ဝေ‌ဆာငြိမ်သက်နေခြင်းက လည်ပင်းပေါ်ကအရာတွေနှင့်သက်ဆိုင်နေလိမ့်မည်။

" ကျွန်တော်... ကျွန်တော်လေ.. "

စကားစလိုက်ပေမဲ့ တည်ငြိမ်နေတဲ့ဝေဆာ့ပုံစံကိုကြည့်ပြီး မူပိုင် ဘာဆက်ပြောရမှန်းမသိပေ။ ဒီလောက်ဆိုရင် မူပိုင်ထင်တာ သေချာနေပြီမဟုတ်လား။

" ကိုယ်ရုံးသွားရဦးမှာမို့ အောက်မှာပဲစောင့်မယ်နော် "

" အင်း အင်း "

မူပိုင်ခေါင်းညိတ်ပြမှ ဝေဆာလှည့်ထွက်သွားသည်။ အခန်းပြင်ကိုရောက်မှ လှစ်ခနဲပြုံးသွားတဲ့နှုတ်ခမ်းလွှာတွေကို အတွေးများနေတဲ့ကောင်လေးတစ်ယောက်ကတော့ မမြင်နိုင်ရှာ။

မောင့်မူပိုင် ( Completed )Where stories live. Discover now