Part - 28

1K 59 32
                                    

>> Unicode <<
~~~~~~~~~~~~

" စားပါ.. နင်ကလည်း ချေး(ဂျီး)များနေ‌သေးတယ် "

သူပြောလိုက်တော့ ခွေးမလေးဟာ အမြှီးတနှံ့နှံ့နှင့်အနားကပ်လာသည်။ ဟင်းဆီနှင့်အသားတွေ ရောနယ်ထားတဲ့ထမင်းပန်းကန်ကို‌ ဈာန် ရှေ့တိုးပေးရင်း..

" ကြက်သားဟင်း‌လေ၊ နင်ကြိုက်တယ်လေ စားကြည့် "

" လူပျိုကြီး‌ကျွေးတဲ့ထမင်းမို့ မစားတာနေမယ် "

ဖုန်းထဲကထွက်လာတဲ့ ညီမလေးရဲ့အသံကြောင့် ဈာန်ရယ်မိသွား၏။

" မဆိုင်တာတွေ ပါမလာနဲ့နော် "

" ဟုတ်တယ်လေ ဒီကကိုကို့သူငယ်ချင်းတွေတောင် ယူကုန်ပြီသိလား၊ အဲ့မှာ ကိုကိုက အဲ့ခွေးတွေ ကြောင်တွေနဲ့ပဲ အချိန်ကုန်နေလိုက်တော့၊ လူပျိုကြီးကနေ လူပျိုသိုးကြီးဖြစ်တော့မယ် "

ညီမဖြစ်သူရဲ့ပူညံပူညံစကားလုံးတွေက သူ့အား ပြုံးမိစေ၏။ ပြောသာပြောတာ တကယ်တမ်းကျတော့ " ငယ်ငယ့်ကိုကိုကို ဘယ်သူမှမပေးချင်ဘူး " ဆိုပြီး ငိုယိုနေမဲ့ကလေးမအကြောင်း သူကောင်းကောင်းသိသည်။

ငယ်ငယ်တည်းက တိရိစ္ဆာန်လေးတွေချစ်တတ်တဲ့ဈာန်က အရွယ်ရောက်လာတော့လည်း လမ်းဘေးက လေလွင့်ခွေးလေး၊ ကြောင်လေးတွေကို အစာကျွေးရတာ အကျင့်တစ်ခုလိုဖြစ်လာခဲ့သည်။ သူတို့လေးတွေ အားပါးတရစားတာကိုကြည့်ရုံနှင့် သူ့မယ် စိတ်ချမ်းသာနေရ၏။

အခုလည်း အိမ်ရာဝန်းအတွင်းက လေလွင့်ခွေးလေးတစ်ကောင်ကို ခါတိုင်းလို အစာကျွေးနေခြင်းပေ။ ဘယ်လိုပြောပြော သူ့လက်အောက်ကိုသာတိုးဝင်ပြီး ပွတ်သပ်ခိုင်းနေတဲ့ခွေးကလေးဟာ ကျွေးတာကိုတော့လုံးဝမစား။ ကိုယ်မွေးထားတာလည်းမဟုတ်ပါဘဲ ပိန်လှီနေတဲ့ခွေးမလေးကို ကြည့်မနေနိုင်၍ နေ့စဉ်နေ့တိုင်း ထမင်းကျွေးထားရခြင်း။

" ဈာန်လင်းရဝေ !! "

မာထန်သည့် ခပ်ကျယ်ကျယ်ခေါ်သံက အဝေးမှလာ၏။ ဈာန်လှမ်းကြည့်တော့ ဒေါသတကြီးလျှောက်လာနေတဲ့ဝေဆာ့ကိုတွေ့ရပြီး အင်္ကျီမှာလည်း သွေးတွေစွန်းနေတာကိုမြင်ရသည်။

မောင့်မူပိုင် ( Completed )Where stories live. Discover now