အပိုင်း(8)

Start from the beginning
                                    

"ဘာတွေပြောနေတာတုန်း မြတ်ကလေးက အရမ်းကျန်းမာတဲ့ကလေးကို ဘယ်တုနး်ကဆေးရုံတက်ရဖူးလို့လဲ သျှန်ကလေး နေရောကောင်းရဲ့လား တခုခုမှားနေတာလား"

မြတ်ဘုန်းသျှန်။ ။ "......."

အဲ့တော့ သူတစ်ယောက်ထဲမှတ်မိနေတာလား

မြတ်ပန်းဝေကိုကြည့်လိုက်တော့လဲ သူမက စကားဝိုင်းကိုစိတ်ဝင်တစားနဲ့နားထောင်နေပြီး အစားအသောက်‌ေတာင်မပျက်‌ပဲ ပလုတ်ပလောင်းစားနေလိုက်သေးတယ်

မြတ်ဘုန်းသျှန်မှာသာ မရေမရာတွေးရင်းကျန်နေခဲ့လေရဲ့

မြတ်ပန်းဝေကတော့ နှုတ်ဆိတ်သွားတဲ့အကိုဖြစ်သူကိုကြည့်ပြီး ဘာမှမပြောပဲ အစားပဲကုန်းစားနေတော့တယ်

နောက်နေ့ သူမအတန်းထဲဝင်တော့ တခန်းလုံးဟာ ပုံမှန်မဟုတ်ပဲ တော်တော်ယောက်ယက်ခတ်နေတာကိုတွေ့လိုက်ရတယ်

"ဟဲ့ သူတို့ဘာဖြစ်နေကြတာလဲ"

"ဒီနေ့ပြောင်းလာတဲ့ကိုကိုလေးတစ်ယောက်နဲ့အလှလေးနှစ်ယောက်ကြောင့်ပဲပေါ့လေးတစ်ယောက်နဲ့အလှလေးနှစ်ယောက်ကြောင့်ပဲပေါ့"

"ဪ"

"မင်းဧကရာဇ် နှင်းဒီဇင်ဘာ ဆောင်းသံစဉ်မောင်တဲ့ဟယ် ပြောင်းလာတဲ့သူတွေက နာမည်တင်အပျံစားမဟုတ်ပဲ ရုပ်ကလေးတွေကလဲ ကြွေရုပ်လေးတွေလိုပဲဟယ် လှနေရော "

သူမမှာ ဘာအတွေးမှမရှိလို့ ကျောင်းပြောင်းလာရုံလေးပဲလေလို့တွေးလိုက်ပြီး စိတ်မဝင်စားတေ့ာ

ဒါပေမဲ့သူငယ်ချင်းဖြစ်သူဆက်ပြောလိုက်တဲ့စကားကြောင့် လုပ်လက်စတွေအားလုံးရပ်တန့်သွားပြီး မျက်လုံးပြူးသွားတော့တယ်

မင်းဧကရာဇ် ?

နှင်းဒီဇင်ဘာ ?

ဆောင်းသံစဉ်မောင်?

အိုင်း ဒီငါးဆားနယ်လေးရဲ့အေးချမ်းတဲ့နေ့ရက်တွေဟာ တကယ်ကြီးကုန်ဆုံးသွားခဲ့ပြီထင်ပါရဲ့

တကယ့်ခေါင်တွေကျောင်းကိုရောက်လာတော့ ဇတ်လမ်းစပြီဆိုတာသိလိုက်ရသလို တကျောင်းလုံး ပွက်လောရိုက်တော့မယ်ဆိုတာလဲသိလိုက်ရလေတယ်

အိုင်းးး ငါ့ဘဝလေး

ရင်နာလိုက်တာ...

သူမမှာ ကျောင်းဆက်တက်ချင်စိတ်တွေပျောက်သွားပြီး လွယ်အိတ်ပြန်လွယ်လိုက်ကာ အတန်းလစ်ကာ အေးချမ်းရာအေးချမ်းကြောင်းနေဖို့ပဲတွေးမိတော့တယ်

အတန်းမစခင်လစ်မှ..

သူမ‌ထရုံပဲရှိသေး ဆရာက ဝင်ဖို့လုပ်နေပြီဆိုတာကိုတွေ့လိုက်ရ‌တာကြောင့် မပြေးရုံတမယ်လျှောက်ထွက်သွားတော့တယ် သူငယ်ချင်းဖြစ်သူရဲ့ "ဟဲ့နင်ဘယ်သွားမလို့လဲ အတန်းတက်နေပြီ‌လေ"လို့ လှမ်းအော်တာကိုတောင်ပြန်မတုန့်ပြန်နိုင်ဘူး

သူမ အတန်းထဲကပြန်ထွက်တာ လောနေတာနဲ့ပဲ လှေကားမှာ သူမရဲ့ crush white hair လေးကိုဝင်တိုက်မိပါလေရော

Sky ကလဲ ကျစ်ခနဲစုပ်သပ်ကာ အော်ပြောတော့မလို့ ဒါပေမဲ့ နှာခေါင်းထဲကိုချိုချဉ်နံ့လေးရောက်လာတော့ အရာအားလုံးရပ်တန့်သွားကာ သူ့အကြည့်တွေက သူမရဲ့ကျောပြင်မှာသာကပ်ပါသွားလေရဲ့

ကြည့်ရတာအဲ့မိန်းကလေးက အတန်းလစ်မဲ့ပုံပဲ

သူလဲ လှေကားကပြန်ဆင်းလိုက်ကာ နောက်ကလိုက်မေးနေကြတဲ့ သူ့ရဲ့သူငယ်ချင်းတွေအားလုံးကိုပါပလစ်ခဲ့လေ‌ေတာ့တယ်

ငတုံးမလေး မြတ်ပန်းဝေကတော့ သူမနောက်ကိုတစ်ယောက်ယောက်လိုက်လာတာကိုတောင်မသိပဲ ကျောင်းဝန်းထဲကအပြေးအလွှားထွက်သွားလေရဲ့

Shopping mall ထဲရောက်တော့ ကြုံရာအဝတ်တစုံဝယ်လိုက်ကာ အရပ်ဝတ်ပြောင်းလိုက်တော့တယ်

သူမမှာ ဆံနွယ်ရှည်လေးတွေနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေရှိလေတယ် အသားကကြွေရောင်လိုဖြူပြီး ခါးသေးသေး တင်ကားကားလေးတွေရှိကာ အရပ်လဲရှည်လေတယ်

ဒါကြောင့် တီရှပ်နဲ့ဂျင်းဘောင်းဘီကိုဝတ်လိုက်ပြီး အပေါ်က ခါးတိုအ‌ပေါ်ဝတ်လေးထပ်လိုက် လွယ်အိတ်လွယ်မျက်မှန်တပ်လိုက်တာနဲ့ သူမကို ဘယ်သူကမှ ကျောင်းသူလို့ထင်မှာမဟုတ်တော့ဘူး

ကိုယ့်အတွေးနဲ့ဟုတ်နေပေမဲ့ သူမက အလွန်တရာနုငယ်ပံု‌ေပါ်သွားတာကြောင့် အသက်မပြည့်သေးမှန်းလူတိုင်းပြောနိုင်တယ်ဆိုတာကို‌ေ‌တာ့ သူမ မသိခဲ့လေဘူး

Sky တစ်ယောက်သာ နောက်ကလိုက်ကြည့်ရင်း အရူးမလေးကြောင့် ကူကယ်ရာမဲ့ရယ်မောမိရလေတယ်

ဘယ်လိုလေးလဲ ...
အူကြောင်ကြောင်လေးနဲ့ချစ်ဖို့မတရားကောင်းလိုက်တာကွာ
ပြီးတော့ သူမရဲ့ချိုချဉ်နံ့လေးကလဲလူကိုအရမ်းစွဲလန်းစေတာပဲ

..mmmm......🌿🥕🥕🥕🥕🥕🥕🥕🌿🌿🌿🌿🌿🥕🥕🥕🥕🌿🌿🌿🌿🥕🥕🥕🌿

Alinkar nang 🌿


(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now