အပိုင်း(6)

Start from the beginning
                                    

မနီးမဝေးမှာပုန်းနေတဲ့တစုံတစ်ယောက်ကတော့သူမရဲ့ရင်ဘတ်ကိုဖိပြီး အသက်ပြင်းပြင်းရှူနေလေရဲ့ ဟိုလူဆိုးလေးကန်လိုက်တာကိုကြားလိုက်တော့လဲ ပခုံးလေးတောင် တုန်သွားလိုက်သေးတယ်

အသေအချာကို စိတ်ဆိုးနေတာပဲ တော်သေးတယ် သူမ မျက်နှာမပြလိုက်လို့

မြတ်ပန်းဝေတစ်ယောက်ကြောက်နေတာ ကျောင်းဆင်းလို့ကားပေါ်ရောက်တဲ့အထိ မပြေသေးဘူး

အကိုဖြစ်သူရှေ့မှာတောင် သူမ ဟန်မဆောင်နိုင်ဘူး

"ဘာလို့တုန်နေတာလဲ မြတ်မြတ် "

"အာ ဘာမှမဟုတ်ပါဘူး အရင်နေ့ထက် ဒီနေ့ကပိုအေးလားလို့လေ "

မြတ်ဘုန်းသျှန်က သူမကိုစောင်ထုတ်ပေးကာခြုံ‌ေပးလိုက်ရင်း နဖူးကိုပါတခါထဲစမ်းလိုက်သေးတယ်

"အဖျားမရှိပါဘူး အိမ်ရောက်ရင်ဆေးသောက်ပြီး နွေးနွေးထွေးထွေးနေလိုက်နော် တခုခုမှားနေတယ်ထင်ရင်ပြော ကိုကြီးကဆေးခန်းလိုက်ပို့ပေးမယ်နော် "

"ဟုတ်ကဲ့ "

မြတ်ဘုန်းသျှန်က ကားမောင်းနေပေမဲ့ သူမကို စိတ်မချသလို ခနခနကြည့်ပေးနေတယ်

မြတ်ပန်းဝေကတော့ ဒီဒုတိယဇတ်လိုက်ရဲ့ချောမောမူ့နဲ့ကောင်းမြတ်မူ့တို့ကိုလက်တွေ့ကြုံ‌ေတွ့ခံစားခဲ့ရပြီးနောက် မယ်ရီဆူးရဲ့ဟိုမလွှတ်ချနိုင်သည်မလွှတ်ချနိုင်ဖြစ်နေတာကလဲ တော်တော် လက်ခံနိုင်ဖွယ်ရှိတယ်လို့ခံစားမိတယ်

ဒုတိယဇတ်လိုက်ပီပီ ဟိုအကျင့်ပုတ်လောက်နီးနီးချောပြီး ပိုနေတာက တည်ငြိမ်ခန့်ညားခြင်းတွေပဲ

အလုပ်အကိုင်အတည်တကျဖြစ်ပြီဖြစ်ပြီး မိန်းကလေးတွေကိုလဲ စိတ်မဝင်စားလို့ gay လို့တောင်မှ အတင်းပြောခံရတာ

"မြတ်မြတ် "

"ရှင်"

"ပူပူစပ်စပ် ဟော့ပေါ့ဝင်စားမလား ဖေဖေနဲ့မေမေကိုလဲခေါ်လိုက်မယ်လေ ကိုကြီးတို့မိသားစု လက်ဆုံစားကြ‌တာပေါ့ ဘယ်လိုလဲ "

"ရတယ်လေ "

သူမကတော့ ဘာမှကန့်ကွက်စရာမရှိပါလေ

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now