အဲ့နတ်ဆိုးလေးက ကျောင်းမှာအဆိုးလေးဖြစ်မယ်ဆိုတာကျိန်းသေပဲ မြေကြီးကိုလက်ညိုးထိုးပြီးပြောရင်မှလွဲလိမ့်ဦးမယ် သူမရဲ့အကြည့်နဲ့အသိစိတ်ကတော့လုံးဝမလွဲနိုင်ဘူး

အိုင်းးး ကျောင်းရဲ့ bully ကြီးကိုတော့သွားရန်စဖို့ သူမ မတတ်နိုင်ပါဘူးနော်  တတ်နိုင်သလောက်ရှောင်ရမယ် သူမအတွေးနဲ့သူမ ကျောင်းထဲကိုဆက်လျှောက်သွားတော့တယ်

တစ်ယောက်သောသူက နူးညံ့ပြီးကျိုးပဲ့လွယ်တဲ့ကျောပြင်ကိုသာမြင်လိုက်ရပြီး သူငယ်ချင်းဖြစ်သူကြောင့် မုန့်ဈေးတန်းတွေဖက် တရွတ်တိုက်ပါသွားလေတော့တယ်

မြတ်ပန်းဝေတို့အတန်းက နှစ်ထပ်ဆောင်ရဲ့အပေါ်ဘက်မှာရှိလေတယ် လေးခန်းသာရှိပြီး ဘာသာတွေကွဲတာကြောင့် သူမရဲ့အခန်းက ပထမဆုံးနဲ့ထောင့်ဆုံးပဲ

သူမရဲ့ထိုင်နေရာကဆို လှေကားကတက်လာတဲ့ကျောင်းသားကျောင်းသူတွေကိုမြင်ရပြီး လှေကားနဲ့သူမရဲ့ထိုင်ခုံဟာ  ပြတင်းပေါက်တချပ်ပဲခြားလေတယ်

သူမက ငါးဆားနယ်လေးဖြစ်ချင်တာ ဒါကြောင့်ပဲ အခန်းရဲ့ထောင့်ဆုံးလေဝင်လေထွက်ကောင်းတဲ့ပြတင်းပေါက်နားကိုသွားထိုင်တာပဲဖြစ်လေတယ်

သူမနဲ့နေရာလဲပေးရတဲ့ ကျောင်းသားကလဲ အပြုံးကြီးကြီးနဲ့အရင်ကသူမနေရာကိုသွားထိုင်ကာ ဘာမှမပြောလေဘူး

မူမမှန်တာတခုခုရှိနေပေမဲ့လဲ သူမ မသိသလိုပဲနေလိုက်ကာ အရာအားလုံးကိုလျစ်လျူရှူ့ထားလိုက်တော့တယ်

မကြာမီမှာပဲ ကျောင်းတက်ခေါင်းလောင်းတီးလေတော့ ကျောင်းသားကျောင်းသူတွေကလဲ တရုန်းရုန်း တဝုန်းဝုန်းနဲ့ လှေကားပေါ်ကိုအမြန်ပြေးတက်လာကြကာ အချိန်အနဲငယ်ကြာတော့ ‌နောက်ကျတဲ့ကျောင်းသားတချို့သာကျန်တော့တယ်

မြတ်ပန်းဝေက အမှတ်တမဲ့နဲ့ လှေကားကိုကြည့်မိတဲ့အခါ မနက်ကသူမတွေ့လိုက်ရတဲ့ကျောင်းbullyလေးကိုမြင်လိုက်ရလေတယ်

စာသင်သံသာပဲ့တင်ထပ်နေတဲ့ဝရံတာမှာ သူကငြိမ်သက်စွာ လှေကားပေါ်ကိုတက်လာလေတယ်

အနီးကပ်မြင်လိုက်ရတဲ့အခါ နေရောင်ကြောင့်မြင်နေတဲ့ထိုသူ့ပါးပြင်ကအမွှေးနုလေးတွေဟာရွှေရောင်အလား ခပ်ချွန်ချွန်မေးရိုးမှာငုတ်စိဖြစ်နေတဲ့အစိမ်းရောင်မုတ်ဆိတ်မွှေးလေးတွေကလဲလူကိုအသဲယားစေတယ်

မျက်တောင်ရှည်တွေကကော့စင်းပြီး မျက်ဝန်းပြာတို့ကိုတဝက်တပျက်ကာထားပေမဲ့လဲ နဖူးပေါ်ဝဲကျနေတဲ့ဆံနွယ်ဖြူတို့က သူ့ရဲ့ပုံရိပ်ကိုမြင့်တင်ပေးနေလေတယ်

လောကကြီးရယ် ဘုရားက ဘာလို့ယောကျာ်းတစ်ယောက်ကိုအရမ်းလှ‌ရက်‌အောင်အနုစိတ်ဖန်ဆင်းနိုင်ရတာလဲ

မိန်းကလေးတွေအပေါ်သုံးတဲ့ beauty ဆိုတာနဲ့ထိုက်တန်တဲ့တစုံတစ်ယောက်ကိုသူမရှာတွေ့ခဲ့မိတာ တကယ်ကိုထူးဆန်းအံဩဖွယ်ရာပါပဲလား

မြတ်ပန်းဝေ ‌ပါးပေါ်လက်ထောက်လို့ သူ့ကိုသာ သတိလက်လွတ်ငေးကြည့်နေခဲ့ပေမဲ့ ကာယံကံရှင်ကတော့ ကျင့်သားရနေတဲ့အလား အကြည့်လေးတစတောင်လွှတ်ချမလာခဲ့ပါချေ

အိုင်းးး ကျောင်းbully လေးက လှရက်တာတော့အမှန်ပဲ ဒါပေမဲ့ တချိန်ထဲမှာပဲ အရမ်းအန္တရာယ်များလွန်းတယ်

မြတ်ပန်းဝေ သူ့နောက်ကျောကိုသာမြင်ရတော့တဲ့အထိ ငေးနေမိပြီး သူ့ပုံရိပ်ကမြင်ကွင်းပေါ်ကပျောက်သွားတဲ့အထိအတွေးများပြီး ငေးနေမိတုန်း

"အဲ့တစ်ယောက်ကလေ သူ့ဆံပင်တွေကဖြူနေတာ ဆရာတွေဆရာမတွေကဘာမှမပြောဘူးလား"

ရှေ့ကကျောင်းသူလေးတစ်ယောက်က သူမဘေးနားကအဖော်ကိုမေးသံကြားတော့သူမလဲ မထင်မှတ်ပဲနားစွင့်မိတယ်

"ဪ အဲ့တာလား မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါဆိုလားပဲ ဖြစ်တာလေ နဂိုက သူ့ဆံပင်ကလဲအနက်ရောင် သူ့မျက်လုံးတွေကလဲအနက်ရောင်ပဲလေ ငါတို့အငယ်တန်းတုန်းကအတန်းတူတူပဲ ဒါပေမဲ့ သူရောဂါအပြင်းအထန်ဖြစ်ပြီး ဆေးရုံတက်လိုက်ရတယ်လေ ပြန်ဆင်းလာတော့ ဒီလိုပုံဖြစ်သွားတာပဲ သူက သူ့ရဲ့ရောဂါကိုမုန်းတဲ့ပုံပဲ သူ့ဆံပင်ဖြူနဲ့မျက်ဝန်းပြာတွေအကြောင်းပြောရင် ပြောတဲ့သူကိုယောကျာ်းလေးဆိုထိုးတယ် မိန်းကလေးဆိုဖျက်ဆီးပစ်တယ်တဲ့ အိုင်းရားး ကျောင်းမြက်လေးက bullyလေးလေ အရမ်းကြောက်ဖို့ကောင်းတယ် "

သူကဘာလို့ သူ့ရုပ်ရည်သွင်ပြင်ကိုမကြိုက်တာလဲ အရမ်းလှပြီး အရမ်းကြည့်လို့ကောင်းတာကို ..

.........🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

Alinkar nang 🌿

ကဲ ယူတို့ရဲ့bullyလေးက မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါဖြစ်တာပါတဲ့နော်

(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now