အခန်း ၄၈

Magsimula sa umpisa
                                    

"တကယ်တော့ ဒါက သူ့ရဲ့ အထွတ်အထိပ် အခြေအနေ မဟုတ်သေးဘူး" အခြားဝမ်းကွဲညီမဖြစ်သူ ချန်လင်းက ပြောလိုက်သည်။

 "သူ့ရဲ့ အထွတ်အထိပ် အခြေအနေသာဆိုရင် ဝမ်းကွဲမော့ထင်ရဲ့ပုံစံက ဒီထက် နှစ်ဆပိုကြီးလိမ့်မယ်"

"သူ့ရဲ့ မူလရှေးဦးစိတ်ဝိညာဉ်က အပြည့်အဝ မကျန်းမာသေးဘူး" 

ဇီလင်းက ပြောလိုက်သည်။  

"သူက သူ့အဖေရဲ့ကောင်းကင်ဘုံဘေးဒုက္ခ မိုးကြိုးကို အကာအကွယ်ပေးဖို့ ကူညီခဲ့တာကြောင့် သူ့ရဲ့မူလစိတ်ဝိညာဉ်က အပိုင်းပိုင်းပြန့်ကျဲသွားခဲ့တယ်လေ။ အားလုံး စုဝေးဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်"

"ဒါပေမယ့် သူ့ရဲ့လက်ရှိ စွမ်းအားက တူလေးကို ဘေးဒုက္ခကနေ ကာကွယ်ဖို့ လုံလောက်ပါတယ်" 

ချန်လင်းက မေးလိုက်သည်။ "ဒါနဲ့စကားမစပ် အစ်ကို မင်းရဲ့ခန္ဓာကိုယ်က ဖီးနစ်လေး မဟုတ်လား"

"ဟုတ်တယ်" 

အရမ်းသေးတယ်။ ခဏနေပါဦး၊ ဒီနှစ်ယောက်က သူ့ကို ဖီးနစ်လေးလို့ ခေါ်နေမှန်း နားလည်လိုက်သည်...

ဘုန်းးးး!

ထိုအချိန်တွင် ရေကန်တစ်ခုလုံးကို နှစ်ပိုင်းခွဲလိုက်သလို ပေါက်ကွဲသံကြီးနှင့်အတူ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့သော် မော့ထင်ရဲ့ခန္ဓာကိုယ်ကို မည်သည့်အရာမှ ဖြတ်မသွားနိုင်ပေ။ သူတို့အားလုံးကို ပိတ်ဆို့ထားတာကြောင့် ပိုင်ယွီရေကန်ကို နေသာတဲ့နေ့လို ရှင်းလင်းကြည်လင်နေစေသည်။

မော့လင်း၏ နာကျင်စွာညည်းတွားသံက ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ နဂါးဘုရင်မက ကလေးများစွာမွေးတာကို မြင်ဖူးသော်လည်း မိခင်တစ်ယောက်အနေဖြင့် အနည်းငယ်စိုးရိမ်နေသေးသည်။ သူမသည် ရေကန်ဆီသို့ လျှောက်သွားကာ မွေးတော့မည့် ကလေးငယ်အတွက် အနောက်ပင်လယ်နဂါးဘုရင်မနှင့်အတူ ဆုတောင်းနေခဲ့သည်။

မွေးဖွားလာမည့် ကလေး၏ ဝိညာဉ်စွမ်းအား မြင့်မားလေလေ၊ ပို၍ အန္တရာယ်များလေလေ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ၎င်းသည် အနောက်ပင်လယ်နဂါးမျိုးဆက်၏ အကောင်းဆုံး ကလေးဖြစ်ဖွယ်ရှိသည်။

ကောင်းကင်ဘုံချစ်ဇနီးTahanan ng mga kuwento. Tumuklas ngayon