ညနေစောင်းလာ၍  အိမ်ခြံဝင်းထဲက သစ်ပင်များဆီ၌  အိပ်တန်းပြန်တတ်ကျသော ငှက်များ၏ အသံက ဆူဆူညံ့ညံ့၊၊  ခြံဝင်းအတွင်းမြက်ခင်းစိမ်းစိမ်းပေါ်၌တော့  ဗမာနှင့် ရှန်ရှန်တို့က  ဘောလုံးကန်ရင်း ချွေးတသီသီနဲ့ဆော့နေကြသည်၊၊ ဒီကလေးနှစ်ယောက် ငယ်ငယ်ကသာ မငိုဘဲ အနေခပ်အေးအေးလေးတွေမို့ကြီးလာလည်း စကားနည်းပြီးအနေအေးမယ်လို့ ထင်ထားခဲ့သည်၊၊ သို့ပေမဲ့  ထင်ထားတာနှင့်ဆန့်ကျင့်ဘက်ကို အသက်ကြီးလာလေ ပိုဖြစ်လာလေဖြစ်၏၊၊

နှစ်ယောက်လုံးက စကားလည်းများသလို မျောက်ရှုံးအောင်လဲဆော့၏၊၊ အစအနောက်ကပါ ဒီအရွယ်လေးနဲ့ သန်နေတော့  ရန်နဲ့ မောင်မှာ သက်ပြင်းချပြီး ခေါင်းတခါခါလှုပ်ရုံသာရှိသည်၊၊အကြီးဖြစ်သော ဗမာက အငယ်ဖြစ်သော ရှန်ရှန် ထက်  ပို၍ ခန္ဓာကိုယ် သေးညှပ်၏၊၊ ဒါကလည်း ဟိုဟာမစားချင် ဒီဟာမစားချင်နဲ့ ဂျေးများ လွန်းတာကြောင့်ပင်၊၊  ရှန်ရှန်ကတော့  စားလို့ရတာမှန်သမျှအကုန်စားပြီး  တစ်နေ့ထက်တစ်နေ့ကို ပို၍ထွားထွားတတ်လာသည်၊၊  အကြောင်းမသိတဲ့သူက ဗမာနဲ့ရှန်ရှန်ကို ခွဲကြည့်လျှင် ဗမာကို  ညီငယ်အဖြစ်ထင်မှတ်နိုင်သည်၊၊

ဆေးလိပ်ကို ဖွာရှိုက်နေရင်း  ခြံဝင်းထဲက  ပြေးလွှားဆော့နေသော သားနှစ်ယောက်ဆီ ရန်အကြည့်တွေ ပို့ထားမိသည်၊၊ ချွေးတပြိုက်ပြိုက် ကျလျက် ရယ်မောစွာနဲ့ပြေးလွှားဆော့ကစားနေသော ကလေးနှစ်ယောက်၏ အသံက  အိမ်ခြံဝင်းအတွင်းမှာ အိပ်တန်းတတ်နေသောငှက်များ၏ အသံနှင့်ရောထွေးစွာရှိသည်၊၊   ဒီကလေးနှစ်ယောက်  ခြံထဲ ဆင်းဆော့နေသည်မှာ  သုံးနာရီလောက်ကြာနေပြီဖြစ်သည်၊၊ဒါတောင်အခုထက်ထိ အိမ်ထဲဝင်ဖို့အစီအစဥ်ရှိသေးဟန်မရ၊၊

( My youth...    my youth is yours......

ဘောင်းဘီအိတ်ကပ်ထဲမှ အသံမြည်လာသော ဖုန်းကို ရန် ထုတ်ကြည့်မိတော့  Russia က ဒင်ဒင်ဆီမှ ဖြစ်နေ၏၊၊   ရန်ကိုခေါ်လာသည်က  Audio  call နဲ့မဟုတ်ဘဲ  Video  call နဲ့ ဖြစ်သည်၊၊  အရင်တုန်းက Audio call နဲ့ဘဲ အမြဲပြောဖြစ်နေကြဖြစ်ပြီး အခုမှ video. Call နဲ့ခေါ်လာတော့  ရန်  နည်းနည်းထူးဆန်းမှုကိုခံစားရသည်၊၊ သို့ပေမဲ့ အများကြီး မတွေးအားဘဲ ဝင်နေသော ဖုန်းကို
ကိုင်လိုက်၏၊၊

My  Stranger   Husband   RICKWhere stories live. Discover now