Part.21 (Zawgyi)

284 9 0
                                    

မနေ့ကတယ်လီဖုန်းဆက်လာပြီးထွန်းမောင်ပြန်ရောက်ပြီဖြစ်ကြောင်း​ပြောလာသည်၊ဒီနေ့ နေ့လည် ထွန်းမောင်တို့ မိသားစုလာမည်​ဖြစ်သည်ကြောင့် ခင် ဆန်စက်ရုံမသွားဖြစ်တော့ပေ၊မနက်စာစားဖို့အတွက်အိမ်အောက်ကိုဆင်းလိုက်တော့ စားပွဲရဲ့ထိပ်ဆုံးခုံတွင်ထိုင်နေတဲ့မေမေကိုတွေ့လိုက်ရသည်၊

'သမီး..ထိုင်..'

'ဟုတ်..မေမေ..'

မေမေ့ဘေးက ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်၊ကြီးကြီးကဟင်းပန်းဟန်တွေကိုချပေးလာတော့ မေမေ့ပန်းကန်ထဲအရင်ထည့်ပေးလိုက်သည်၊

'ဒီလထဲရက်ရွေးကြတွေ့မယ်တဲ့...သမီးကိုသဘောကျသွားပြီထင်တယ်'

မေမေက ရယ်မောစွာနဲ့ပြောလာပေမဲ့ ခင်က ပြုံးပဲပြုံးပြကာ ထမင်းသာဆက်စားနေလိုက်သည်၊

'ခင်..စားပြီးပြီ...'

ခင် ထမင်းဝိုင်းကနေအရင်ထလာလိုက်ပြီး အခန်းကိုပြန်လာခဲ့လိုက်တော့သည်၊ဒီအချိန်မှာခင်ဘာမှလုပ်နိုင်တာမရှိတော့ပေ၊ရှိလာခဲ့ရင်လည်း ခင် ကဘာများတက်နိုင်ဘူးမှာလဲ၊ခင် ကုတင်ပေါ်ထိုင်ကာ ငေးငိုင်နေသည်၊ခဏကြာတော့ ခြံထဲကို ဝင်လာသည့်ကားသံကိုကြားလိုက်ရသည်၊ခင် ပြတင်းပေါက်ကနေလှမ်းကာကြည့်လိုက်တော့ ထွန်းမောင်ရဲ့ကားလေးပင်၊

"ဒေါက်  ဒေါက်  ဒေါက် " (တံခါးခေါက်သံ)

'တံခါးဖွင့်ထားပါတယ်..'

'ခင်...'

'အော်..ထွန်းမောင်..အောက်ဆင်းရအောင်လေ..'

ထွန်းမောင်က အခန်းတံခါးဝကနေတင် ခေါ်လာသည်၊ခင် လည်းထွန်းမောင်နဲ့အတူတူအောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်၊ပြောတော့ နေ့လည်ဆိုအခုမ မနက်ပဲရှိတေးသည်​၊
ဧည့်ခန်းထဲတွင် ထွန်းမောင်ရဲ့မိဘနဲ့မေမေတို့က စကားလက်ဆုံကျကာ ရယ်မောနေကြသည်၊

'အော်..ခင်လေးတို့လာပြီ..ထိုင်ကြ...'

ခင် ထိုင်ခုံလေးတွင်ဝင်ထိုင်လိုက်သည်၊ထွန်းမောင်ကလည်းခင့် ဘေးကို ဝင်ထိုင်လာသည်၊အကုန်လုံးက အပြုံးကိုစီနှင့် ဖြစ်နေကြပေမဲ့ ခင့် မျက်နှာလေးမှာညိုးငယ်နေရသည်၊

မျက်သွယ် (Completed)Where stories live. Discover now