Part.19 (Zawgyi)

183 10 0
                                    

မနက်စာထမင်းဝိုင်းလေးကို တင့်ထင်ရယ်
တင့်ထင်ရဲ့အမေဒေါ်ရီရီဝင်း တို့နှင့် ခင်စားဖြစ်ခဲ့သည် ထမင်းဝိုင်းသိမ်းတော့ ခင် အိမ်မှာတောင် မလုပ်ဖြစ်တဲ့ ပန်းကန်ဆေး စားပွဲသုပ်တွေလုပ်ပေးခဲ့တယ် ဒါကလည်း ကိုယ့်အိမ်မဟုတ်တော့ အလိုက်တသိနေရတာပေါ့၊
အကုန်သိမ်းဆည်းပြီးသည်နှင့် တင့်ထင်က ဆန်စက်သွားဖို့ အဝတ်အစား လှဲရန်အခန်းလေးအတွင်းကို ဝင်သွားသည်မို့ ခင် အဒေါ်ရဲ့ရှေ့တွင် ထိုင်ကာ စကားပြောနေလိုက်သည်၊

'အဒေါ်က အသက်ဘယ်လောက်လဲ..'

'၅၃ နှစ် ၅၄ပြည့်တော့မှာ...'

'အော်...ခင့်မေမေထက် အသက်ပိုကြီးတာပဲ...'

'ညည်းအမေက အသက်ဘယ်လောက်မို့တုန်း...'

အဒေါ်က သနပ်ခါးကိုမျက်နှာအပြည့်လိမ်းထားလို့ သနပ်ခါးတွေနှင့် ဖုံးနေတဲ့ မျက်ခုံးတန်းကို ပင့်ကာ ခင့်ကိုပြောလာသည်၊

'မေမေက..၄၅နှစ်ပဲရှိတေးတယ်...'

အဒေါ်ကဘာစကားမှထပ်မပြောတော့ပဲ ခင့် မျက်နှာကိုကြည့်လာသည်၊

'ညည်း သနပ်ခါးလေးလိမ်းပါလားအေ..'

'လိမ်းမယ်လေ ...ကျောက်ပြင်ဘယ်နားမှာလဲ..'

အဒေါ်ကရှေ့က ဉီးဆောင်ထကာ အိမ်ပေါ်ထပ် လေးက အခန်းနှစ်ခန်းဖွဲ့ထားသည်ထဲက ညာဘက် အခန်းလေးထဲဝင်သွားသည်
ကြောင့် ခင် လဲ နောက်က လိုက်သွားလိုက်သည်၊အဒေါ်က အခန်းထဲက ​အိပ်ယာခြေရင်းတွင်မှန်လေးထောင်ကာထားထားသည့်ကျောက်ပြင်ကို သနပ်ခါးတုံးနှင့်သွေးပေးနေသည်ကို ခင်ဘေးက နေ ငုတ်တုတ်လေးထိုင်ကာကြည့်နေသည်၊

'ရပြီ..သနပ်ခါးကို ထူထူလိမ်း...'

အဒေါ်က ကျောက်ပြင်ရှေ့က ဖယ်ပေးလာပြီးခင်ကို သနပ်ခါးလိမ်းဖို့ပြောတော့ ခင် ကျောက်ပြင်ရှေ့ လေးကိုဝင်ထိုင်ကာ လက်ညိုးနှင် သနပ်ခါးကိုသုပ်ကာ ပါးပြင်ပေါ် သနပ်ခါးပဲကြားလေးလိမ်းလိုက်သည်၊

'ညည်းဟာကအေ..ထူထူလိမ်းပါဆို..လာဒီကို..'

ခင့် မျက်နှာပြင်တစ်ခုလုံး အေးသွားသည် အဒေါ်က ခင့် မျက်နှာကိုမှေးစေ့လေးကနေ ဆွဲကာ သနပ်ခါးကို လက်အပြည့်ယူပြီး ခင့်မျက်နှာတစ်ခုလုံးအနှံ သုပ်လိမ်းလာသည်ကို ခင် ငြိမ်နေလိုက်သည် ရုန်းလဲမရုန်း မျက်လုံးလေးမှိတ်ကာငြိမ်နေသည်၊

မျက်သွယ် (Completed)Where stories live. Discover now