Part.14 (Unicode)

616 36 0
                                    

တင့်ထင်ရဲ့ခြေလှမ်းကျဲကြီးတွေနောက် ခင် အမှီလိုက်နေရတော့သည်၊ဒါပေမဲ့မမှီပဲ ခင်က နောက်ကျကျန်ခဲ့သည် ခင် ဆက်လျှောက်မနေပဲ ခြေလှမ်းများကိုရပ်တန့်ပစ်ကာ

'တင့်ထင်...ကျွန်မကိုစောင့်အုံး..'

ထိုမှသာ တင့်ထင်က ခြေလှမ်းများရပ်ပြီး
လှည့်ကာကြည့်လာသည်၊

'လာ..မြန်မြန်..ကျုပ်အမေ စောင့်နေမှာဆိုးလို့..'

ခင် လဲ တင့်ထင် ရပ်နေတဲ့နေရာကို ထမိန်လေးမှကာ အပြေးသွားလိုက်တော့သည်၊လက်ဖက်ရည်ဆိုင်လေးကနေတင့်ထင် အမေအတွက် အီကြာကွေးနှင့် လက်ဖက်ရည်ပေါ့စိမ့် ပါဆယ်ဆွဲသည်ကိုခင် က ပိုက်ဆံရှင်းပေးလိုက်တဲ့အတွက်ကြောင့်တင့်ထင်က မကျေနပ်ဖြစ်သွားပြီးခင့်ကိုမစောင့်ပဲ သွားနေတယ်လို့ထင်တာ ကိုယ်တော်ချောလေးက သူ့အမေကိုစိတ်ပူနေတာကိုး၊
ခင် တင့်ထင် ဘေးနားကို အမောတကောနှင့်ရောက်သွားရတော့ တင့်ထင်က ခင့်လက်ကောက်ဝတ်ကို ကိုင်ပြီး ခဏကလောက်တော့မမြန်တော့ ခင် မှီနိုင်လောက်တဲ့ခြေလှမ်းတွေလှမ်းပြီးသွားတော့သည် ခင် ကလည်းအနောက်ကနေ သူ့ခြေလှမ်းတွေကိုအမှီလိုက်ရင်း လိုက်ပါသွားရသည်၊

'ရောက်ပြီ..'

တင့်ထင်က ခင့်လက်ကို လွှတ်ပေးရင်း ပြောလာသည်၊ ခင် တို့ ပန်းလာဝယ်သည့် ပန်းခြံလေးပင် ခင် တအံတသြဖြစ်ခဲ့ရတဲ့ နေရာလေး ခြံသေးသေးလေးနဲ့ ဒီလောက်ပန်းတွေစုံအောင်စိုက်ထားနိုင်တဲ့နေရာ၊
တင့်ထင်က အိမ်ထဲက ဝင်သွားတော့သည်၊ ခင် အနောက်နေ ကုပ်ကုပ်နှင့် လိုက်ဝင်သွားသည်၊ လှေကား အသေးလေးကိုတက်ကာအိမ်အပေါ်ကိုရောက်တော့

'ဟော .ငဂျစ်ကောင် ပြန်လာပြီလား..'

'အင်း...ဒီမှာအမေ့အတွက်'

တင့်ထင်က လက်ကဆွဲထားသည့်အထုပ်များကို အိမ်တိုင်တွင်ချိတ်လိုက်ပြီး ခင့်ကို ပခုံးကနေ ကိုင်ကာ တင့်ထင်က အမေလို့ခေါ်လိုက်တဲ့အသက်ကြီးကြီးအမျိုးသမီး ရှေ့ကိုတွန်းပို့လိုက်သည်၊ ခင်  အမျိုးသမီးကြီးကိုတစ်လှည့် တင့်ထင်ကိုတစ်လှည့်နှင့်ကြည့်ကာ ကြောင်တောင်တောင်ဖြစ်နေသည်၊

မျက်သွယ် (Completed)Where stories live. Discover now