Part.22 (Unicode)-end

1.3K 42 8
                                    

'သွားလေ...မွန်းကျပ်နေတယ်မလား..ရုန်းထွက်လိုက်...'

'ထွန်း..ထွန်းမောင်...'

'အင်း....မြန်မြန်သွားတော့ ...မဟုတ်ရင် ကိုယ်မင်းကိုလက်မလွှတ်နိုင်ဖြစ်သွားနိုင်တယ်..'

ထွန်းမောင်က စာရွက်လေးကိုခင့်စီပြန်ပေးကာ ခင့် ကိုကျောပေးသွားပြီး အသံအက်အက်ဖြင့်ပြောလာသည်၊ထွန်းမောင်ငိုနေသည်လား၊ ခင် တတယ်လည်းမွန်းကျပ်နေပေမဲ့ မေမေကိုလည်း မလွန်ဆန်နိုင်တေး၊

'ဒါပေမဲ့...မေမေက...'

'ခင် အဒေါ်အတွက်မကြည့်နဲ့တော့...အဒေါ်က ခင့် တစ်ဘဝလုံးရှိနေပေးမှာမဟုတ်ဘူး....ပျော်ရာကိုလုပ်ပါတော့ခင်ရာ..'

'အင်း...ထွန်းမောင်...ငါတောင်းပန်ပါတယ်ထွန်းမောင်..'

ထွန်းမောင်ကို ခင်​ပြေးဖက်လိုက်ပြီး ခြံရှေ့ပြေးထွက်လာခဲ့လိုက်တော့သည်၊
ထွန်းမောင်ယောကျာ်းတန်မဲ့ မျက်ရည်ကျရပါသည်၊ထိုကိစ္စကလည်း အချစ်အတွက်နှင့်ပင်၊ တင့်ထင်ကို ခင် သဘောကျသည်ဆိုတာ ခင့်မျက်ဝန်းကနေသိနိုင်သည်၊ထွန်းမောင်လက်မလွှတ်နိုင်ပေမဲ့ ခင့် ဘဝတစ်လျှောက်လုံးမွန်းကျပ်နေခဲ့ပြီးပုံစံခွက်ထဲလိုသလိုနေခဲ့သည့်ကိုတွေးမိရင် ထွန်းမောင် ခင့်ကိုပျော်ရွှင်စေချင်သည်၊ပျော်ရွှင်မှုအစစ်အမှန်ကို ခင့်ကိုပေးချင်သည်၊ဒါပေမဲ့ ခင်လိုသည့်ပျော်ရွှင်မှုကို ထွန်းမောင်မပေးနိုင်ဘူးလေ၊ဘယ်လိုပဲဖြစ်သွားပါစေထွန်းမောင် ခင့်ကိုချစ်ခဲ့ရလို့နောင်တမရခဲ့ပေ၊
ခင် တင့်ထင်တို့အိမ်ရှေ့ရောက်တော့ ခြံတံခါးလေးကသော့ခတ်ထားလျက်ပင် ခင် အော်ကာခေါ်သော်လည်းမည်သူမှပြန်မဖြေ ပေ၊အဒေါ်လည်းမရှိဘူးထင်သည်၊ခင် စိတ်ညစ်သွားရသည်၊ဆန်စက်ရုံမှာပဲလားဘယ်မှာများဖြစ်နိုင်မလည်း၊ ခင် ခေါင်းလေးငုံကာတင့်ထင်ရဲ့အိမ်ရှေ့လေးတွင် အချိန်အတော်ကြာ မတ်တပ်ရပ်ကလေးနှင့်တွေးတောနေသည်၊ ခင် ခြေလှမ်းလေးတွေက တင့်ထင်အိမ်ရှေ့ကနေ နေရာတစ်ခုစီကိုဦးတည်ပြီးပြေးသွားတော့သည်၊သူရှိနေမည့်နေရာကို ခင်သိပြီ၊ခင့် မြရည်နန္ဒာကန်ဝက ခုံလေးတွင် ခေါင်းငိုက်စိုက်နှင့်ထိုင်နေသည့် တင့်ထင်ကိုတွေ့လိုက်ရတော့ စိတ်အေးသွားရသည်၊

မျက်သွယ် (Completed)Where stories live. Discover now