Part.1 (Unicode)

3.6K 78 0
                                    

'ကလင် ....ကလင်! '

'ပန်းလာပို့တာပါဗျို့'

ခြံရှေ့တံခါးစီက ဘဲလ် သံလေးထွက်လာသည်နှင့်ခင်ကျော့နွယ်  ခပ်သွက်သွက်ခြေလှမ်းများနှင့်ခြံရှေ့သို့ အပြေးသွားကာ ပန်းများကို သွားယူလိုက်တော့သည်။ဒီနေ့ သူမရဲ့ (၂၈)နှစ်ပြည့်မွေးနေ့မို့လား၊
နှင်းဆီပန်းနီနီ များကို သူမ ပွေ့ပိုက်ကာ သယ်ရင်းအိမ်ထဲသို့ပြန်လာခဲ့သည်။

'ဟယ်......မမလေး ပန်းတွေရလာပြီပဲ'

'အင်း......လှတယ်မို့လား'

'လှပေါ့တော် ....... ဒီတစ်ခါလဲ မွေးနေ့အမှီပဲနော်'

'အင်း....ခင် ဘုရားပန်းသွားလဲလိုက်အုန်း
မယ်နော့်'

ခင် အိမ်ကအလုပ်သမလေး နှင့်စကားဖြတ်ကာ အိမ်ပေါ်ထပ်မှဘုရားခန်းသို့တက်လာခဲ့လိုက်တော့သည်၊
ခင်  ဘုရားပန်းအိုးတွေကိုရေဆေးကာ ယူလာ
သည့်နှင်းဆီပန်း များကို ဘုရားပန်းအိုးတွင် ပန်းထိုးနေသည်၊
ခင့်  မွေးနေ့ တိုင်းနှင်းဆီပန်းများအမြဲရောက်လာတက်သည်၊ ပို့သည့်လူကို ခင် မသိ လာပို့သူကိုမေးသော်လည်း ထိုလူမှာ မဖြေပေ ၊
သူစိမ်းပစ္စည်း ခင် မယူချင်သော်လည်း ပန်းများကို လွှင့်မပစ်ရက် ၊မလွှင့်ပစ်ရက်အောင်ပင် ပန်းများက လှသည်မို့ပင်၊
ဘုရားပန်းများလဲပြီးသည်နှင့် ဘုရားဝတ်ပြုပြီး  ဈေးသွားရန် အိမ်အောက်သို့ ဆင်းလိုက်လာသည်၊

'ကြီးကြီးရေ....ခင် ဈေးသွားပြီနော် မေမေ နိုးလာရင်ပြောလိုက်အုန်းနော် '

'အေး...သမီး  ...ကြီးကြီးပြောလိုက်မယ်နော့်'

ဈေးခြင်းလေးအားလက်ကဆွဲကာ ဈေးသို့ခြေချင်တာလျှောက်သွားလိုက်တော့သည်။သိပ်ဝေးလှသည်မှမဟုတ်။

စည်ပင်ဈေး

ဈေးဆိုင်းဘုတ်ကိုမြင်နေရပြီမို့ ခပ်သွက်သွက်လေးလျှောက်လိုက်သည်၊ မျက်လုံးများဝေ့
ဝှိက်ကာကြည့်မိတော့ မနက်အစောကြီးဖြစ်၍ စျေးဝယ်သည့်လူများသိပ်များတေးပေမဲ့ စျေးသည်တွေကတော့ ကိုယ်ဆိုင် သူဆိုင်
နှင့်ဆိုင်တန်းလေးတွေ တစ်စီတစ်တန်းနှင့် ဖွင့်နေကြပြီဖြစ်သည်၊ စျေးက အသားတန်းက သက်သက် အသီးအရွက်တန်းက သက်သက်နှင့် ခွဲခြားထားသည်မို့ ခင် အသားရောင်း
သည့် စျေးတန်းကိုကျော်ကာ ဟင်းသီးဟင်းရွက်များရောင်းနေသည့် စျေးတန်းကို သွားလိုက်တော့သည်၊

မျက်သွယ် (Completed)Where stories live. Discover now