Part.15 (Zawgyi)

214 15 0
                                    

'အမေ့ ကျုပ်သွားတော့မယ်'

'အေး..'

တင့်ထင်အိမ်နောက်ဖေးထဲက စက်ဘီးလေးကိုထုတ်ပြီးတွန်းလာကာ သူ့အမေကိုအော်ပြောနေသည်၊ ခင်ကတော့ ခြံရှေ့တွင် မတ်တပ်ကလေးရပ်စောင့်နေသည်၊တင့်ထင်
အမေက အိမ်ပေါ်ကနေ ဆင်းလာပြီး

(AN/ တစ်ခုတွေးမိလို့..တင့်ထင်အမေက အိမ်ပေါ်ကနေဆင်းလာပြီး ခင့်ကို တုတ်နှင့်လှမ်းပေါက်လိုက်သည် 😐)

'ဂရုစိုက်စီးကြ...ဟိုကလေးမလေးကို ဂရုတစိုက်တင်သွားအုန်း..'

'ဟုတ်ကဲ့ပါအမေကလည်း ..ကျုပ်ကအေးဆေးပါ..'

'​ပြောတာပဲ..ရပ်ကွက်ထဲက လူတွေလိုဆေးဖိုးလာတောင်းနေမှာစိုးလို့'

'တော်ပါ အမေရာ သွားပြီ..'

တင့်ထင်က စက်ဘီးလေးကို ခြံရှေ့ကိုတွန်း
ထုတ်နေသည်ကို သူ့အမေက တင့်ထင်ဘေးက စကားတစ်ပြောပြောနှင့်လိုက်လာသည်၊

'တက်'

တင့်ထင်က ခင့် ဘေးနားစက်ဘီးရပ်ကာပြောလာသည်၊ ခင် တင့်ထင်အမေကို တစ်ချက်ကြည့်လိုက်တော့ တင့်ထင်အမေကပြုံးကာကြည့်နေသည်မို့ ခင် လဲ ပြန်ပြုံးပြလိုက်သည်၊

'အဒေါ် ...ခွင့်ပြုပါအုန်းနော်..'

'အေးအေး...သေချာကိုင်လိုက်သွား အဲ့ငဂျစ်ကောင်က သူများကိုတင်နင်းပြီး ပစ်ပစ်ချတက်တဲ့ကောင်...'

'ဟုတ်'

ခင့် တင့်ထင်ကို ကြည့်ပြီးကြိတ်ရယ်လိုက်သည်၊ ခင် စက်ဘီးနောက်တွင်ဘေးဇောင်းတက်ထိုင်လာသည်နှင့် တင့်ထင်က စက်ဘီးကိုခွလိုက်ပြီး နင်းတော့သည်၊
တင့်ထင်​အမေက ခြံရှေ့တွင် ရပ်ကာ လက်ဝှေ့ယမ်းပြနေသည်မို့ ခင် လည်း လက်မြောက်က ပြန်ဝှေ့ယမ်းပြလိုက်သည်
ခင် စက်ဘီးနောက်ကနေ တင့်ထင်ရဲ့ အင်္ကျီအနားစလေးကို ဆွဲကိုင်ထားပြီး တခစ်ခစ်နဲ့ရယ်နေတော့သည်၊

'ဘာရယ်စရာပါလို့တုန်း..'

'ရှင့် အမေက ရယ်စရာတွေ​တအားပြောတက်တယ်ကော..'

'အဲ့လိုပဲ အမေက ....'

'တတယ်ကြီးလား...စက်ဘီးနဲ့တင်နင်းပြီး ပစ်ပစ်ချတာ..'

မျက်သွယ် (Completed)Where stories live. Discover now