Part.5 (Zawgyi)

296 15 0
                                    

အခန်းတွင်းသို့ ဖြာကျလာတဲ့ နေရောင်ခြည်အလင်းတန်းများကြောင့်  ခင် နိုးလာရတော့သည်၊
အိပ်ယာမှ ထပြီးရေချိုးခန်းတွင်းသို့ဝင်ကာမျက်နှာသစ် သွားတိုက်ခြင်းကိုလုပ်ဆောင်နေသည်၊ ခင် ဒီနေ့ထတာ နောက်ကျသည်လို့ပင်ပြော၍ရသည်၊ မနေ့က ထွန်းမောင်က အိမ်ပြန်လာပို့သည်ကို မေမေက ထွန်းမောင်ကို ညစာ စားပြီးမှ ပြန်ဖို့ပြောသည်မို့ ခင် ထွန်းမောင် ကိုဧည့်ခံ​စကားပြောနေရသည်
နှင့် ညနက်သွားသည်၊
တင့်ထင် အကြောင်းကိုလဲ  ခင် ပြောပြဖြစ်တယ်၊တင့်ထင် မှ ခင့်ကို ဈေးခြင်းဆွဲကူကြောင်းပြောသည်ကို ထွန်းမောင်က မကြိုက်ဖူးနှင့်တူသည်တင့်ထင် နှင့် ခင့် ကိုဝေးဝေးနေဖို့ပြောသည်၊
ခင်  ရေပါချိုးလိုက်ပစ်ပြီး ၊ နွေရာသီ မနက်ခင်း ရေချိုးရသည်မှာ တတယ် ခံစားချက်ကောင်းလှသည်၊ ရေချိုးပြီးသည်နှင့်အဝါရောင်လုံချည်ဝမ်းဆက်လေးကို ခင့်ရဲ့သွယ်လျလျကိုယ်လုံးလေးတွင် ဝတ်လိုက်ပြီးခင် အောက်ထပ်ကို ဆင်းရန်ပြင်တော့သည်၊ ခင့် သဘောကျ ပုလဲ လည်ဆွဲလေးကိုလည်း မမေ့ လည်တိုင်ကျောကျော တွင် ဆွဲထားလျက်။

'ကြီးကြီး မင်္ဂလာနက်နံခင်းပါ'

'အေး သမီး  ....မနက်စာ စားတော့မလား'

'အင်း ....ကြီးကြီးဘာချက်တုန်း'

'ဒီနေ့တော့ ဝက်သားနီချက်ထားတယ်'

'အိုးး.... ခင့်အကြိုက်ပဲ...'

ဝက်သားနီချက်ကို ကြီးကြီက ပန်းကန်နဲ့ခူး
ထည့်ကာ ထမင်းစားပွဲ တွင် ချ ပေးလာသည်မို့ ခင် ထမင်းထည့်ကာ စားရန်ပြင်တော့သည်။

'ကြီးကြီး...မေမေကော ...မဆင်းလာတေးဘူးလား'

'သမီးမေမေက ဆင်းလာပြီး မနက်စာလဲစားပြီလို့ ...ဘုရားဝတ်ပြု မယ်ဆိုပြီးတက်သွားတာပဲ'

'အော် ...အဲ့တာဆို ခင် တစ်ယောက်ထဲ...
ကြီးကြီးကော မနက်စာ ...'

'စားပြီပေါ့ရှင် ...'

'အဲ့တာဆိုလဲ ခင် တစ်ယောက်ထဲစားပြီ'

မနက်စာကို ကြီးကြီးနှင့် စကားပြောကာ စားဖြစ်ခဲ့သည်၊ကြီးကြီးက ခင် ငယ်ငယ်လေးထဲက အိမ်မှာနေလာသည်မို့ ခင့် အဒေါ်တစ်ယောက်လိုပဲဖြစ်နေသည်၊ခင် ထမင်းစားပြီးလို့ပန်းကန်များကိုဆေးပြီးရေစစ် စဉ်ကိုတင်နေတုန်း အိမ်ကအလုပ်သမလေးနှစ်ယောက်အိမ်ထဲဝင်လာသည်၊

မျက်သွယ် (Completed)Where stories live. Discover now