Part.9(Unicode)

679 36 1
                                    

ခင် တင့်ထင် နှင့် ကြာလျှင် နှလုံးရောဂါတောင်ရနိုင်ပေမည်၊ခင့် ကို အလန့်တကြားဖြစ်အောင်လုပ်နိုင်လွန်းလှသည်၊

' ဒီမှာ တင့်ထင် ကျွန်မ က စာအုပ်ဖတ်ချင်လို့ ရှင်ပြောတဲ့စာအုပ်တော့ ကျွန်မ ဖတ်ဖို့စိတ်ကူးက ယောင်လို့တောင်မရှိတာ နားလည်ထား'

'အတည်ကြီးလား....'

'ပြီးတော့...ရှင်.... ကျွန်မ နဲ့ ဝေးဝေးနေပါ'

ခင် ပြောပြီးသည်နှင့် လှည့်ထွက်မည်အပြု တင့်ထင်က ခင့် လက်ကောက်ဝတ် ကိုဆွဲလိုက်သည်၊

'ဘာလုပ်တာလဲ ....ဖယ် .လွှတ်..'

'ငြိမ်ငြိမ်နေ...'

ရူးနေလို့ ငြိမ်နေရမည်လား သိတာမှ အချိန်ဘယ်လောက်မှမရှိတေးသည့် လူတစ်ယောက်နှင့် နီးနီးကပ်ကပ် နေနေသည်မှာ သူများမြင်ရင်လဲ မတင့်တော်သလို ခင် အတွက်လဲ အဆင်မပြေ ၊ တင့်ထင်ကခင်ပြောသည်ကိုမကြားသည့်အတိုင်းပင်၊ ခင် လက်ကိုဆောင့်ရုန်းပစ်လိုက်သည်၊ ဘေးသီဝှဲ
ကြည့်လိုက်သော်လည်း  အလုပ်သမားတန်းလျားပေမို့ မနက်စောစောမို့ လူသွားလူလာမရှိ။

'ဒီမှာ တင့်ထင်...ရှင် ကျွန်မကို ဘယ်လိုသဘောထားနေလဲဆိုတာ ကျွန်မစိတ်မဝင်စားဘူး..ပြီးတော့ ကျွန်မက မကြာခင် အိမ်ထောင်သည် မိန်းမတစ်ယောက်ဖြစ်တော့မှာမို့ ဘယ်သူ့ဘယ်သူတွေစီကမှ အတင်းအဖျင်းလဲ မကြားချင်တာမို့ ....ဝေးဝေးနေပါ.'

ခင် စကားအရှည်ကြီးပြောပြီးသည်နှင့်
မျက်စိရှိရာ စာအုပ်ကိုသာယူပြီး ထိုနေရာကနေ ပြန်လှည့်မကြည့်ပဲ ထွက်လာခဲ့တော့သည်။

'ခင်လေး ရလာလား ...'

'အင်း..ရတယ်'

'မသိပါဘူးအေ အကြာကြီးကြောင့်မို့'

'အင်း..စာအုပ်ရှာနေလို့ပါ..'

ခင် ထိုင်ခုံတွင်ထိုင်ကာ စာအုပ်ကိုသာဖတ်နေလိုက်တော့သည်၊ ဒေါ်လေးလည်းစရင်းတွေ
နှင့်မအားပေ၊
ခင် ဖတ်နေတဲ့စာအုပ်တစ်ဝက်ကျိုးလောက်သည့်အခါမှ  စပါးလာပို့သည့် ထော်လာဂျီ လေးရောက်လာတော့သည် ခင် စာရင်းစာအုပ် ကိုကောက်ကိုင်ကာ ထရပ် လိုက်တော့သည်၊

မျက်သွယ် (Completed)Where stories live. Discover now