Part.6 (Unicode)

817 46 2
                                    

'ရှင်....တင့်ထင်'

'ဗျာ....ဗျ..'

ခင် တင့်ထင်ကိုလက်ညိုးထိုးကာပြောလိုက်သည်နှင့်တင့်ထင်ကလည်း အသံရှည်ဆွဲကာ ပြန်ထူးလာသည်၊
ခင်  မတ်တပ်ရပ်လိုက်ပြီး ခင့် လက်ဖဝါးများကို ပွတ်သပ်ကာ မြေမှုန်များ ခါချနေလိုက်သည်။

'အဆင်ပြေလား'

'ပြေတယ်...'

ခင် ဘုတောတော ပြန်ဖြေလိုက်သည်၊
ခင်  ငုတ်တုတ် ထိုင်ချကာ ပုလဲလုံးများကို တစ်လုံးခြင်းလိုက်ကောက်နေလိုက်တော့သည်၊
တင့်ထင် ကလည်း ပြန်ကျဲ့နေတဲ့ပုလဲ လုံးများကို ကူပြီးကောက်ကူသည်။

'ရှင်နဲ့ကလည်း.....တွေ့တွေ့နိုင်လွန်းတယ်!! '

' ကျုပ်လည်း ....တွေ့ချင်လွန်းလို့များထင်နေတာလား!'

ခင်  စိတ်ပေါက်ပေါက်နှင့် လေသံမြင့်ကာ ပြောလိုက်သည်ကို တင့်ထင်ကလည်း ခင့် နည်းတူ ပြန်ပြောလာသည် ၊ ရောင်းသူဝယ်သူအသံတူဆိုသလိုပင်။

'ရတယ် ....ရှင် လုပ်စရာရှိတာလုပ်တော့ ကျွန်မ ဟာကျွန်မ လိုက်ကောက်လိုက်တော့မယ်'

'ကျုပ်ကြောင့်ဖြစ်တာကို ...ပစ်မထားနိုင်ပေါင်'

တင့်ထင်ကခင့်ဘက်ကိုလှည့်ကာပြောင်စပ်စပ်မျက်နှာထားနှင့်ပြောလာသည်၊တင့်ထင်က လေသံ ကောရုပ်ကောအပြောင်းအလဲ မြန်သည့်လူပင်။

' ခင်ဗျား ..ဘာလို့ ပုလဲလုံးတွေ ကြိုက်တာလဲ'

'အင်......ရှင်မတွေးဖူးဘူးလား...ပုလဲ တွေက ဖြူဖြူ စင်စင်လေး လုံးဝ အသန့်အရှင်း အပစ်အနာဆာမရှိဘူးလေ '

'အင်....'

'ပြီးတော့ .... ပုလဲတွေက ရှားတယ်လေ စျေးကြီးတယ် ...လှတယ် ....'

'ပုလဲ တွေက ကမာကောင်တွေရဲ့ မျက်ရည်ဆိုတာကော ခင်ဗျားသိလား..'

ခင့် စကားမဆုံးခင် ဖြတ်ပြောလိုက်သည့်စကားကြောင့် ခင် ဖြေစရာအဖြေမရှိ  ခင် ဒါကိုသိသည် ပုလဲတွေကကမာကောင်လေးတွေရဲ့ မျက်ရည်ဆိုတာ ခင် သိပေမဲ့ ခင် သိပ်ကြိုက်သည်လေ။
ခင်  တင့်ထင် မျက်နှာကိုငေးကြည့်ရင်း ငိုင်သွားရတော့သည်၊ပုလဲများကိုလိုက်ကောက်နေသည့် သူ ကလည်း ခင့်ကို ပြန်ကြည့်လာသည်၊
ခင် သူ့ မျက်နှာကိုသေချာကြည့်နေမိတော့သည်၊ ဘာတွေများအလိုမကျဖြစ်နေသည်မသိ တွန့်ချိုးနေတဲ့ ဇင်ယော်တောင်မျက်ခုံးတန်းတွေ၊ မျက်ရစ် ပါးပါးလေးနဲ့ မျက်လုံးမှေးမှေးလေး၊ မျက်ဝန်းညိုလေးပင်၊
နှုတ်ခမ်းထူထူ အသားမှာ ညိုသည်ဆိုတာထက်ကိုပင်ပိုသည် အင်း... တင့်ထင်ကခပ်ချောချောလူငယ်လေးတစ်ယောက်ပဲ ဟု ခင် တွေးမိလိုက်သည်။

မျက်သွယ် (Completed)Where stories live. Discover now