ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉

Start from the beginning
                                    

sing//
ကျွန်တော် fait နဲ့ စကားပြောပီး oaujun ထွက်လာတော့ နှုတ်ဆက်ပီး oaujun ဆီ ​လျှောက်​လာခဲ့သည် oaujun နားရောက်တော့

''မင်းက ကြာလိုက်တာ''

''သူငယ်ချင်းစောင့်နေလို့''

''အော် လာ သွားမယ်''

ကျွန်တော်လည်း ပြောပီး fait တို့ အုပ်စုကို ကျော်လာခဲ့သည်။ fait ကို စကားသာပြောနေတာ သူ့ သူငယ်ချင်းတွေကို မိတ်ဆက်ချင်းမရှိ စကားပင် မပြောဖြစ်ပါ။ ကိုရီးယား ရူးနဲ့ ကျန်သူငယ်ချင်းတွေက သေချာကြည့်နေသည်။ နောက်တွေ့မှ နှုတ်ဆက်တော့မည် ဆိုတဲ့ အတွေးနဲ့ ကျောင်းအပြင်ထွက်ကာ ကားငှားပြန်ခဲ့သည်။

kit//
ကျွန်တော်တို့လည်း သူတို့ထွက်​သွားတာကို အနောက်ကနေ ကြည့်နေခွင့်သာရှိသည်။
mari က

''fait ကလည်း တစ်ခါတည်းလိုက်သွားပါလား''

''မလိုက်ချင်ပါဘူး အားနာလို့''

''လမ်းတူတာပဲကို''

''တစ်ခါလိုက်ရင် နောက်ရက်တွေပါ ခေါ်နေမှာပေါ့ နေ့တိုင်းမသွားချင်ပါဘူး''

''အေး အဲဒါလည်း ဟုတ်ပါတယ်''

jan က
''နင်ကတာ ဖော်ရွေတယ်ပြောတာ ငါတို့ကိုတောင် တစ်ချက် စကားမပြောဘူး''

''မရင်းနှီးလို့နေမှာပါ''

''မရင်းနှီးလည်း တစ်ကျောင်းတည်​းပဲဟာကို ခေါ်ပေါ့''

''နင်က ခေါ်စေချင်လို့လား နောက်တစ်ခါ တွေ့ရင် နင်နဲ့ မိတ်ဆက်ပေးမယ်လေ''

''မဟုတ်ပါဘူး''

သူတို့ ပြောနေတာကို ကျွန်တော်က ဘာမှမပြောပဲ နားထောင်နေရင်း လျှောက်လာခဲ့ကြသည်။
ကျွန်တော်တို့လည်း အနောက်ကနေလျှောက်နေရင်း လိုက်ပါလာခဲ့တာ ကျောင်းအပြင်ရောက်တော့ လူစုခွဲကာ ကားငှားပြန်ခဲ့ကြသည်။ အိမ်ရောက်တော့ mom က ဧည့်ခန်းတွင်ထိုင်နေသည်။ ဒါနဲ့ ကျွန်တော်က

''mom ကျွန်တော်ပြန်လာပီ''

''အေး သား ရေချိုး mom ဟင်းနွှေးလိုက်မယ်''

''ဟုတ်''

ကျွန်တော် အပေါ်တက်လာပီး လွယ်အိတ်ချကာ ရေချိုးခန်းထဲဝင်ပီး ရေချိုးလိုက်သည်။ ခဏနေတော့ ပီးသွားတော့ အောက်ဆင်းလာခဲ့သည်။ mom က အနောက်ခန်းထဲတွင် ထမင်းပွဲ ပြင်ဆင်နေသည်။ ကျွန်တော်က စားပွဲခုံတွင် ထိုင်လိုက်တော့ mom က စားပွဲပေါ် ဟင်းပန်းကန်တင်လိုက်ပီး

''သား par ဖုန်းဆက်တယ် နေကောင်းကြလားတဲ့''

''ဟုတ်လား par ရော အဆင်ပြေလား''

''အင်း ​ပြေတယ်​ သားကို မေးနေတယ် ကျောင်းတက်ရတာ အဆင်ပြေလားတဲ့ ပျော်ရဲ့လားတဲ့ မေးနေတယ်''

''ပြေပါတယ် ပျော်တယ်''

''အေး သား ဝါသနာ ပါတာကို မသင်ခိုင်းလို့ ကျောင်းစာကို စိတ်မဝင်စားဖြစ်နေမှာ ကြောက်နေတာ par ကလည်း တစ်နှစ်လောက် သင်ခိုင်းလိုက်တဲ့ စိတ်မဝင်စားရင် နောက်နှစ် သားတက်ချင်တာပြောင်းတဲ့''

''မပြောင်းပါဘူး mom ရယ် သား ဆက်တက်မှာပါ''

''သား စိတ်ဝင်စားရင် ပီးရောလေ''

''ဟုတ်''

ကျွန်တော်တို့ ထမင်းစားလိုက်ကြသည်။

mom က စိတ်ပူလို့ ပြောတာမှန်ပေမဲ့ ကျွန်တော် မပြောင်းချင်တော့ပါ သူငယ်ချင်းတွေလည်းရှိတော့ ပျော်ပါတယ် ပီးတော့ ကျွန်တော့် အာရုံထဲမှာ စိုးမိုးနေတဲ့ သူတစ်ယောက်ကို တွေ့ခဲ့ရသည်။ ကျွန်တော်လည်း အာရုံထဲရောက်ရောက်လာလို့ စိတ်ညစ်ရပါသည်။ ထမင်​းစားရင်​း​တွေး​နေလိုက်​သည်​။ ပြီး​တော့ အ​ပေါ်တက်​ကာ စာလုပ်​​နေလိုက်​သည်​။ စာလုပ်​ပြီးသွား​တော့ ပျင်​းတာနဲ့ ဂိမ်​း​ဆော့​နေလိုက်​သည်​။

sing//
ကျွန်တော်တို့ ညစာစားပီးတော့ အခန်းထဲပြန်ဝင်လာခဲ့သည်။ ကျွန်တော် စာလုပ်နေလိုက်သည်။ ၉ နာရီလောက်ရောက်တော့  mom က ဝင်လာပီး

''သား sing ရော့ နွားနို့လေးသောက်လိုက်နော်''

''ဟုတ်''

mom က စားပွဲပေါ် နွားနို့ခွက် တင်လိုက်ပီး

''မင်း nong လာပီး မနှောင့်ယှက်ဘူးလား''

''အင်း စိတ်ကောင်းဝင်နေတယ် မလာဘူး''

''စာလုပ်နေတာတော့ တွေ့တယ်''

''အော် တော်သေးတာပေါ့''

''အင်​း သားလည်း စောစောနားနော် မနက်ဖြန်ကျောင်းသွားရဦးမယ်မလား''

''ဟုတ်ကဲ့''

''အေး အေး mom သွားပီနော်''

''ဟုတ်ကဲ့ good night mom''

''အေး good night''

mom ကပြောပီးထွက်သွားတော့ ကျွန်တော် စာဆက်လုပ်ပီး ခဏကြာတော့ ပီးတာနဲ့ အိပ်ရာဝင်ကာ အိပ်လိုက်သည်။

Next one

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now