သွန်းမင်းနောင်နှင့်စည်သူသည် ခန့်သူရ၏စိတ်အခြေအနေအားရင်းနှီးတာထက်‌တောင် ပိုရင်းနှီးနေခဲ့ပြီးဖြစ်သည်။မူလတန်းကတည်းက အကြွားသန်သောခန့်သူရနှင့်မနာလိုတတ်သောမိုးမြင့်တို့မှာ ဆီနဲ့ရေလိုတွေ့တာနဲ့မျက်နှာချင်းမဆိုင်ချင်ကြပေ။ခန့်သူရသည်သူ၏အဖေအကြောင်းနှင့်သူ့အားဘယ်လို ပိုးမွေးသလိုမွေးကြောင်းပြောလေ့ရှိခဲ့ပြီး အိမ်နဲ့အဆင်မ‌ပြေသောမိုးမြင့်ကတော့မနာလိုအားကြီးကာ နောက်ကွယ်မှအပုပ်ချနေခဲ့သည်။

ထိုသည်အားခန့်သူရတို့သုံးယောက်မသိသည်မဟုတ်။သိရဲ့သားနှင့်သူငယ်ချင်းခေါင်းစဉ်အောက်တွင် လစ်လျူရှုထားလိုက်ကြသည်။သို့သော်ထိုလစ်လျူရှုမှု‌ကြောင့်အလယ်တန်းကျောင်းတွင်ဖြစ်ပွားခဲ့သော ကိစ္စကြောင့်သူတို့သူငယ်ချင်းအုပ်စုမှာကွဲသွားနိုင်ခဲ့မှန်းကြိုမသိခဲ့ကြပေ။

ပြဿနာစသည်မှာ ခန့်သူရရဲ့အချစ်ဦးလေးကို မိုးမြင့်ကခန့်သူရ၏မကောင်းကြောင်းအား ခိုးကြောင်ခိုးဝှက်ဖြင့်သွားပြောခြင်းမှစခဲ့သည်။ခန့်သူရသည်သွန်းမင်းနောင်၊စည်သူနှင့်ကန်တင်းမှာပြန်လာသည့်အချိန်တွင် သူကြိုက်နေသည့်ကောင်မလေးအား မိုးမြင့်ကသူ့မကောင်းကြောင်းပြောနေသည်ကိုကြားသွားခဲ့သည်။

သွန်းမင်းနောင်တို့ကပြေပြေလည်လည်နှင့်ပြန်ရှင်းဖို့ပြောကာ ခန့်သူရသည်လည်း‌ဖြစ်နေကြမို့ သဘောတူလိုက်ပေမဲ့ မိုးမြင့်၏ခန့်သူရနှင့်သူ၏အဖေ၏မကြားဝံ့မနာသာဇာတ်လမ်းထွင်လိုက်မှုကြောင့် နားထောင်လိုက်မိသောကောင်မလေးနှင့်ထပ်တူ ကြားလိုက်ရသောစည်သူနှင့်သွန်းမင်းနောင်တောင်အလွန်ထိတ်လန့်သွားရသည်။

ပြောခံရသူခန့်သူရဆိုလျှင်တော့ပြောစရာတောင်မလိုတော့ပေ။သူလေးစားအားကျရသောအဖေရင်းနှင့်ဒီလိုအပြောခံရမှုကြောင့် ဒေါသတထောင်းထောင်းထွက်ကာ ဆရာမနိုင်၊ကျောင်းအုပ်မနိုင်ဖြစ်အောင်ကို မိုးမြင့်အား‌သွေးထွက်လွန်သည်အထိထိုးကြိတ်ခဲ့မိသည်။သူငယ်ချင်းအရင်းကြီးများဖြစ်သည့်စည်သူနှင့်သွန်းမင်းနောင်တောင်တားမရသဖြင့် ခန့်သူရ၏အဖေကိုဖုန်းဆက်ခေါ်မှငြိမ်သွားခဲ့သည်။ထိုမှစ၍ပေါတောတောနေတတ်သော ခန့်သူရ၏ဒေါသအားတစ်ကျောင်းလုံးကကြောက်ရသည်အထိ လန့်ခဲ့ရသည်။

ကိုယ့်ရဲ့ငှက်ကလေး OC(Unicode and Zawgyi)Where stories live. Discover now